Monday, February 25, 2013

လွိုင်လင်မြို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0 comments

ဖေဖော်ဝါရီ(၂၅)


ရှမ်းပြည်နယ် လွိုင်လင်မြို့တွင် မူးယစ်အဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော အဖွဲ့မှ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ မနက်ပိုင်းတွင် တရားမ၀င်ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

လွိုင်လင်ခရိုင်မှ ရဲတပ်ဖွဲ့များ၊ တောင်ကြီးမူးယစ်ဆေးအဖွဲ့များ၊ သက်သေများပါဝင်သော ပူးပေါင်း အဖွဲ့မှ လွိုင်လင်မြို့ နတ်စင်လမ်းကြားအနီးတွင် ပင်လုံဘက်မှ ထွန်းသိန်း မောင်းနှင်လာသော ဆူမို-၁၂၅ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ အဖြူရောင်လွယ်အိတ်အတွင်းတွင် အနီရောင်ပုလင်းဖြင့် ထည့် ထားသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ခန့်ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် ဆေးပြားများမှာ ကာလတန်ဖိုးအားဖြင့် (၈၀၀၀၀၀)ကျပ်ခန့် ရှိကြောင်းနှင့် တရားခံ ထွန်းသိန်း အား လွိုင်လင်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here