SSA တောင်ပိုင်း ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား အနယ်နယ်က ရှမ်းတိုင်းရင်းသား အများအပြား တက်ရောက်ခဲ့ကြပါတယ်။
SSA တောင်ပိုင်း ဌာနချုပ် ၀င်ပေါက်တခု |
တိုင်းလျန်းရဲ့ အဓိပ္ပာယ်က ဘာလဲလို့ ရှမ်းတိုင်းရင်းသားတယောက်ကို မေးကြည့်တော့ တိုင်း (tai) ဆိုတာ ရှမ်း၊ လျန်း ဆိုတာ အလင်းရောင် တဲ့။ ရှမ်းတွေကို အလင်းရောင်ပေးတဲ့တောင် လို့ သူက အနက်ဖွင့်ပါတယ်။
SSA တောင်ပိုင်းရဲ့ အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်ကို မနေ့က သူ့ရုံးမှာ လက်ထောက်အရာရှိတွေ၊ လုံခြုံရေးအရာရှိတွေနဲ့အတူ အခုလို တွေ့ခဲ့ရပါတယ်။ |
ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်ရဲ့ လုံခြုံရေးတပ်သားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် |
တောင်ကြီး၊ ခိုလန်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ တာချီလိတ် စတဲ့ မြို့နယ် ၅ ခုမှာ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့အထိ ငြိမ်းချမ်းရေးအခြေအနေ ကောင်းနေပါတယ်။
သို့သော်လည်း တရားဝင် အပစ်ရပ် ငြိမ်းချမ်းရေးယူပြီး တနှစ်ကျော်လာချိန်မှာတော့ တိုက်ပွဲပေါင်း ငါးဆယ် ၀န်းကျင် ဖြစ်ခဲ့ပါတယ် တဲ့။
RCSS/SSA ဌာနချုပ်ရှေ့မှာ ကြာသပတေးနေ့က တွေ့ရတဲ့ စစ်သည်များ |
RCSS/SSA
ရှမ်းပြည် တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (Restoration Council of Shan State/Shan State Army) ကို အတိုကောက်အားဖြင့် RCSS/SSA လို့ ခေါ်ကြပါတယ်။ ဒီအဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်များမှာတော့ ရှမ်း လို့ စာလုံးမပေါင်းဘဲ သျှမ်း လို့ စာလုံးပေါင်းပါတယ်။
RCSS က နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး SSA ကတော့ စစ်ရေးအဖွဲ့ပါ။
SSPP/SSA
ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အတိုကောက် SSPP/SSA ဆိုတဲ့ အဖွဲ့လည်း ရှိပါတယ်။
အစိုးရက အဲဒီအဖွဲ့နဲ့ အရင်ဆုံး အပစ်ရပ်ခဲ့တာပါ။
နှစ်ဖွဲ့စလုံးက ရှမ်းပြည်နယ် မြောက်ပိုင်းရော၊ တောင်ပိုင်းမှာပါ တပ်တွေ ရှိကြပါတယ်။
လက်ကောက်ဝတ်မှာ ရှမ်းအလံပုံနဲ့ အလှဆင်ထားတဲ့ အမျိုးသမီးတဦးက သူ့တယ်လီဖုန်းသုံးပြီး စစ်ရေးပြစစ်သည်တွေကိုဓာတ်ပုံရိုက်နေတာပါ။ |
အခမ်းအနားတက်ရောက်လာသူများထဲမှာ တဦးကတော့ ကြံ့ခိုင်ရေးပါတီ တီရှပ်ကို ၀တ်ဆင်ထားပါတယ် |
ကြာသပတေးနေ့ လွိုင်တိုင်းလျန်းဒေသ မြင်ကွင်းတခု |
ဧရာဝတီက သတင်းသမား ၂ ယောက်လည်း အခမ်းအနား ကျင်းပရာ လွိုင်တိုင်းလျန်းကို ရောက်ခဲ့ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ အပါအ၀င် အကြောင်းအရာ အများအပြားကို လေ့လာခဲ့၊ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
နေပူဒဏ် ပြင်းထန်တဲ့ လွိုင်တိုင်းလျန်းမှာ ရှမ်းတိုင်းရင်းသားတယောက်ရဲ့ ခမောက်က ဦးခေါင်းကိုသာမက ပခုံးကိုပါ နေရောင်ခြည်ဒဏ်က အကာအကွယ်ပေးနေပါတယ်။ |
ဒေသအသီးသီးက အခမ်းအနား တက်ရောက်သူများ |
အခမ်းအနား တက်ရောက်သူ တချို့က ရှမ်းအလံငယ်တွေ ကိုင်ဆောင်ထားကြပါတယ်။ အလံမှာတော့ We love Shan State ဆိုပြီး ရှမ်း၊ အင်္ဂလိပ် ဘာသာတို့နဲ့ ရေးထိုးထားပါတယ်။ |
အများစုကတော့ ရိုးရာဝတ်စုံတွေ၊ စစ်ယူနီဖောင်းတွေ ၀တ်ဆင်ထားကြတာ တွေ့ရပါတယ်။ |
မြေပုံမှာ ကြည့်ရင် လွိုင်တိုင်းလျန်း ရှိတဲ့နေရာက ကယားပြည်နယ်နဲ့ နီးကပ်တာ တွေ့ရမှာပါ။ |
ဧရာဝတီဘလော့