Thursday, March 14, 2013

ဘင်္ဂလားဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာ လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီး

0 comments
မတ်(၁၄)
Photo: ဘင်္ဂလားဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာ လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီး

14.3.2013

ဘင်္ဂလာဒေခ်ျ့ ရဲ တပ်ဖွဲ့ဝင် ၃ ဦး အပါအ၀င်  လူ ၄ ဦးကို မြန်မာ နယ်စပ် လုံခြုံရေး နစက တပ်ဖွဲ့မှ ဖမ်းဆီး သွားကြောင်း ဘင်္ဂလီ ဘာသာဖြင့် ရေးသားသည့်  အွန်လိုင်း သတင်းများတွင် ဖော်ပြ ထားသည်။
ဘင်္ဂလီ ရဲတပ်ဖွဲ့ ၀င်များကို မတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲ ခန့်တွင် မြန်မာ နယ်စပ် အနီးရှီ ဘင်္ဂလာဒေ ခ်ျ့ နိုင်ငံ ဘင်ဒရာဘင် ခရိုင် နတ်ကျောက် ဆိုးရီမြို့နယ် ခေါင်းတုန်းဒေသ နယ်စပ်တွင် သွားလာနေစဉ်
ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း www.banglanews24.com တွင် ဖော်ပြ ထားသည်။

ယခု မြန်မာနစက တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ဟု ဆိုသည့် ဘင်္ဂလီ ရဲတပ်ဖွဲ့ဝင်များသည် ကော့စ်ဘဇား (ဖလောင်း ချိတ်) ခရိုင်မှ ကော့စ်ဘဇား ရေဒီယို စခန်းတွင် တာဝန် ထမ်းဆောင် နေသူများ ဖြစ်ကြောင်း သတင်း က ပြောသည်။

သူတို့ (၃) ဦးမှာ အိမ္မရင် ဟောဆမ်း၊ အီဖာ့ချော ရကာနှင့် ကော့တော့ ပလောင် စခန်းမှ မူဇီဘူရ်ရော် ဟာမန်နှင့် ဒေသခံ တစ်ဦးဖြစ်သူ ဆိုင်းဖူလ်း အီဆလင် တို့တို့ဖြစ်ကြောင်း သတင်း များ တွင် ဖော်ပြ ထားသည်။

ဘင်္ဂလာ ရဲတပ်ဖွဲ့ဝင် များ ဖမ်းဆီးခံ ရခြင်း ကိစ္စနှင့် ပတ်သတ်ပြီး ဘင်္ဂလာ နယ်ခြား စောင့်တပ် ဘီဂျီ ဘီနှင့် မြန်မာ နယ်ခြား စောင့်တပ် နစကတို့ အကြား ယနေ့တွင် အလံတင် အစည်း အဝေး ပြုလုပ် မည် ဖြစ်ကြောင်း သိရ သည်။

နိရဉ္ဇရာ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here