Thursday, March 14, 2013

ကွတ်ခိုင်မြို့တွင် တည်းခိုခန်းတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွား

0 comments


မတ်(၁၄)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် မတ်လ(၁၃)ရက်နေ့ မနက်ပိုင်းက တည်းခိုခန်းတစ်လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)၊ အမှတ်(ဃ/၃၈၈) ရှိ “ဌေးဌေး” တည်းခိုခန်း၊ အခန်းအမှတ်-၂၅( လူမရှိ) အခန်းမှ ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်း သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖအင်အား (၁၀၀)ကျော်မှ ၀ိုင်းဝန်းမီးငြိမ်း သတ်ခဲ့သဖြင့် (၁)နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင် ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ အင်္ဂတေခင်းထားသော အလျား(၃၀)ပေ၊ အနံ(၂၀)ပေ ၊ နှစ် ထပ်အဆောက် အဦး(၁)လုံး မီးလောင်ဆုံးရှုံးသွား ခဲ့သည်။

မီးစတင်လောင်ကျွမ်းသော “ဌေးဌေး” တည်းခိုခန်းပိုင်ရှင် ဒေါ်နန်းရွှေသာ (ကွတ်ခိုင်မြို့နေသူ) အား ပြစ်မှုပုဒ်မ-၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here