Friday, March 15, 2013

တည်းခိုခန်းတွင်ပစ္စည်းခိုးသူကို ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းဆီးရမိ

0 comments
မတ်(၁၅)

မိတ္ထီလာခရိုင် သာစည်မြို့ အမှတ်(၅) ရပ်ကွက်ရှိ သာစည်ထွန်း တည်းခိုခန်း တွင် မတ်လ(၉) ရက်နေ့က ခေတ္တလာရောက်တည်းခိုနေသော ကိုဝင်းကို (၃၀) နှစ်နှင့်ဇနီး  မမေသီတင့်(၂၈) နှစ်တို့ ငှားရမ်းတည်းခိုနေသည့် အခန်းအမှတ် (၄၀၂) အတွင်းမှ အ၀တ်အစားများ ထည့်ထားသောအိတ်ပျောက်ဆုံးသွားသဖြင့် သာစည်ရဲ့စခန်းသို့သွားရောက်တိုင်ကြားခဲ့သည် ဆို၏။သာစည်ရဲစခန်းမှူး ရဲအုပ်ထွန်းကြည်၊တာဝန်မှူး ဒုရဲအုပ် သက်ခိုင်နှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထင်လင်း၊ရာအိမ်မှူး ဦးချစ်ကြည်တို့က သာစည်ထွန်းတည်းခိုခန်းသို့သွားရောက်စစ်ဆေးခဲ့သည်။သာစည်ထွန်းတည်းခိုခန်းမန်နေဂျာ ဦးထွန်းထွန်းဦးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များသည် မတ်လ(၈)ရက်နေ့ လာရောက်တည်းခိုနေသည့် အခန်း အမှတ်(၄၀၆) တွင် တည်းခိုနေသည် ကျော်သန်းဦး၏ အခန်းသို့ ၀င်ရောက်ရှာဖွေစစ်ဆေးရာ အခန်း အမှတ်(၄၀၂) နေပိုင်ရှင်များပျောက်ဆုံးသွားသော  ခရီးဆောင်အိတ်အားရှာဖွေတွေ့ရှိစစ်ဆေးနေစဉ် အခန်းအမှတ်(၄၀၆)တွင်တည်းခိုနေသူ ကျော်သန်းဦးရောက်ရှိလာ၍ စခန်းမှူးရဲအုပ်ထွန်းကြည်နှင့်အဖွဲ့က  ၄င်း၏ ခန္ဓာကိုယ်အားရှာဖွေရာ ကျော်သန်းဦး ၏ အနွေးထည်အောက်တွင် ဂျိုင်းစလွယ်ဖြင့် ၀ဲဘက်ဂျိုင်းအောက် ၌ BURMA ARMY MA- 5 တံဆိပ်ပါ  T-၆၉၆၄ နံပါတ်ပါပစ္စတိုတစ်လက်နှင့် ကျည်ရှစ်တောင့်  ကျည်ကပ်တစ်ခုကိုရှာဖွေတွေ့ရ ၍ ကျော်သန်းဦးအား ရဲစခန်းသို့ ခေါ်ယေူပြီး တိုင်းမှုခင်းဖေါ်ထုတ်ရေး အကူအဖွဲ့၊မိတ္ထီိလာ ခရီုင် မှုခင်းဖေါ်ထုတ်ရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ကြည်ရှိန်နှင့် သာစည်ရဲစခန်းမှူးတို့က စစ်ဆေးခဲ့သည်။ကျော်သန်းဦး သည် အောင်ပန်းမြို့ရှိတပ်တစ်တပ်မှ အရာရှိအိမ်တစ်အိမ်ကိုဝင်ခိုးရာ သေတ္တာနှစ်လုံးအား သော့ခလောက်တန်းလန်း ဖြင့် သော့ခတ်မထားပဲတွေ့ရှိရ၍ သေတ္တာတစ်လုံးထဲမှ ပစ္စတိုတစ်လက်၊ကျည်ရှစ်တောင့်နှင့် ကျည်ကပ်တစ်ခုအားခိုးယူခဲ့သည်ဆို၏။ကျော်သန်းဦးသည် မတ်လ (၇) ရက်နေ့က သာစည်ထွန်းတည်းခိုခန်း အခန်း(၄၀၆) တွင်တည်းခိုနေပြီး မတ်လ(၉)ရက်နေ့က အခန်း(၄၀၂) မှ ပစ္စည်းခိုးရန်အတွက် သော့ခလောက်ကိုဆွဲဆောင့်ပြီး အခန်းတွင်းမှ ပစ္စည်းများခိုးယူခဲ့ခြင်းဖြစ်သည် ဆို၏။သာစည်ရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းကြည်က တရားလိုပြုလုပ်၍ ကျော်သန်းဦး (၃၈) နှစ်အား ရဲစခန်း (ပ)၄၇/၂၀၁၃ ပုဒ်မ-၃၈၀ (ပ) ၊၄၈/၂၀၁၃ ၁၉၄၉ ခုနှဏ်(လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က) ဖြင့်အမှုဖွင့်အရေးယူထားသည်။ကျော်သန်းဦးသည် တပ်မတော်မှ ထွက်ပြေးရာမှ တပ်ပြေးအဖြစ် ဖမ်းဆီးရမိပြီး ထောင်ဒဏ် နှစ်နှစ် ကျခဲ့ခဲ့ဘူးသူဖြစ်သည်။

The Hot News Weekly Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here