Friday, March 8, 2013

တောင်ကြီးမြို့ အေးသာယာတွင် သိမ်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

0 comments
မတ်(၈)




ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သိမ်ကျောင်းအား မတ်လ(၆)ရက်နေ့ ညပိုင်းတွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အေးသာယာရပ်ကွက်(၁)၊ နယ်မြေ(၂)ရှိ သစ်ပင်ထောင်ဘုန်းတော်ကြီးကျောင်းရှိ သိမ်ကျောင်းဆောင်တွင် ဘုရားမီးပူဇော်ထားရာမှ မတ်လ(၆)ရက်နေ့ ည(၁၁)နာရီကျော်တွင် ဘုရားစင်အနီးရှိ ကွန်ပျူတာနှင့် စာရွက်စာတမ်းများအားကူးစက်လောင်ကျွမ်းရာမှစတင်ခဲ့ကြောင်းသိရသည်။ အေးသာယာမီးသတ်တပ်ဖွဲ့မှ ဦးစီး အရာရှိ ဦးအောင်ဇော်လင်းနှင့်အဖွဲ့များ၊ ရွှေညောင်မီးသတ်တပ်ဖွဲ့များနှင့် မီးသတ်ယာဉ်(၃)စီးဖြင့် မီးငြိမ်းသတ် ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိဘဲ အလျား(၂၅)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၂၀)ပေရှိ တစ်ထပ်အုတ်တိုက် သိမ်ကျောင်းဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီးကာလတန်ဖိုးအားဖြင့် သိန်း(၂၅၀)ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here