Thursday, March 14, 2013

တရုတ်နိုင်ငံ မှ ကမ္ဘောဇဘဏ်သို့ ငွေလွှဲပေးပို့နိုင်ပြီဟု ကမ္ဘောဇဘဏ်က ယနေ့တွင် သတင်းထုတ်ပြန် လိုက်သည်။

0 comments
မတ်(၁၄)

စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နိုင်ငံတို့နှင့် တိုက်ရိုက်ချိတ်ဆက်လုပ် ဆောင်လျက်ရှိနေသည့် အဆိုပါ ဘဏ်မှာ ချိတ်ဆက်ဆောင်ရွက်မှုများအရ ယခုအခါတွင် တရုတ်နိုင်ငံနှင့်ပါ လုပ်ဆောင်နိုင်ပြီဟု အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းဌာနက ထည့်သွင်းဖော်ပြထားသည်။

ချိတ်ဆက်မှုအရ တရုတ်နိုင်ငံ Industrial and Commercial Bank of China(ICBC) မှ ကမ္ဘောဇဘဏ်သို့ ငွေလွှဲပေးပို့ နိုင်ပြီဖြစ်ကြောင်း နှင့် Trade Services ဝန်ဆောင်မှုများကိုပါ လုပ်ဆောင်နိုင်ပါကြောင်း၊ လွှဲပို့သော ငွေလွှဲအားထုတ်ယူပါက SWIFT Charges အနေဖြင့် မြန်မာငွေ ကျပ်တစ်သောင်းသတ်မှတ်ထားကြောင်းနှင့် ကမ္ဘောဇဘဏ်လီမိတက်မှ ယင်းဘဏ်သို့ ငွေလွှဲပေးပို့ပါက လွှဲပို့သောငွေပမာဏအပေါ်မူတည်၍ မြန်မာငွေကျပ်နှစ်ထောင် သတ်မှတ်ထားရှိပါကြောင်း သိရသည်။
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here