Thursday, March 14, 2013

နီပွန်ဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ်တွင် ကူညီပေးရန်ရှိ

0 comments
မတ်(၁၄)
တိုင်းရင်းသားဒေသတွေကို အဓိက အကူညီတွေပေးနေတဲ့ ဂျပန်နိုင်ငံ အခြေစိုက် နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ် မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ် သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူး ကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာစာကာဝါက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
 
နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး နီပွန်ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာ ရှိတဲ့  ဒေသခံပြည်သူတွေအတွက် အကူ အညီတွေ ပေးအပ်ဖို့ရှိတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ အပြန်လှန်ဆွေးနွေးခဲ့ တယ်လို့ သိရပြီး ရှမ်းတိုင်း...ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကမ ကထပြုပြီး ဆောင်ရွက်နေတဲ့ ရှမ်း နှင့် ကယား   ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက် မှု ဆွေးနွေးပွဲတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ဖို့ နီပွန်ဖောင်ဒေးရှင်း အနေနဲ့လည်း တိုက်တွန်း အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို အထောက် ပံ့ ပေးနေတဲ့ နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ၂၀၁၂ ခုနစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက ဒုက္ခသည်တွေ အတွက် အမေရိကန် ဒေါ်လာ သန်း (၃၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေ အပါဝင် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့ မနက်ပိုင်း ကလည်း မြန်မာနိုင်ငံ ကို    ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့ အရေး ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Burma Campaign US အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မစ္စ ဘရိုင်ယန်နာ အိုလစ် Mrs. Brianna Olive ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here