မတ်(၂၆)
တပေါင်း-တန်ခူး ရွှေဖီဦး လက်ဖက်ခူးရာသီရောက်ရှိ လာပြီမို့ ရွှေဖီလက်ဖက်ညွှန့်များဆွတ်ခူးရန်အတွက်
မြန်မာပြည် အရပ်ရပ်အနယ်နယ်မှလက်ဖက်ခူးလုပ်သားများသည် လက်ဖက်မြို့တော်ကျောက်မဲမြို့ဆီသို့
မီးရထားဖြင့်တစ်သွယ်၊ မော်တော်ကားများဖြင့်တစ်ဖုံ၊ယခုရက်ပိုင်းအတွင်း တစ်ဖွဲဖွဲရောက်ရှိလာသည်
မီးရထားဖြင့်တစ်သွယ်၊ မော်တော်ကားများဖြင့်တစ်ဖုံ၊ယခုရက်ပိုင်းအတွင်း တစ်ဖွဲဖွဲရောက်ရှိလာသည်
ကိုတွေ့မြင်ရပါပြီ။
မြင်းခြံ၊ တောင်သာ၊ ရွှေဘို၊ဒီပဲယင်း၊မုံရွာ၊စစ်ကိုင်း၊ကျောက်ဆည်၊မြင်းမူ၊နွားထိုးကြီးစသည့်အနယ်နယ်အရပ်
မြင်းခြံ၊ တောင်သာ၊ ရွှေဘို၊ဒီပဲယင်း၊မုံရွာ၊စစ်ကိုင်း၊ကျောက်ဆည်၊မြင်းမူ၊နွားထိုးကြီးစသည့်အနယ်နယ်အရပ်
ရပ်တို့မှတောင်သူများသည်ရွှေဖီလက်ဖက်ခူးရန်အတွက် မိသားစုလိုက်လည်းကောင်း ၊အုပ်စုလိုက် အဖွဲ့ဖွဲ့
၍လည်းကောင်း၊ကျောက်မဲမြို့သို့ရောက်ရှိလာကြပြီး
ကျောက်မဲမှတစ်ဆင့်လက်ဖက်ထွက်ရာတောင်ပေါ်
ဒေသများဖြစ်သည့် နမ့်ဆန်၊ ဇယန်းကြီး
၊ကွမ်ဟယ်၊တော့ဆန်၊ ပန်ဆန်၊ ပန်ကွမ် ၊
ဟူးကွက်၊ဟူးစွန်စသည့်ဒေသများသို့မော်တော်ကားများ၊ထော်လာဂျီများဖြင့်ဆက်လက်ထွက်ခွာသွားကြ
ဟူးကွက်၊ဟူးစွန်စသည့်ဒေသများသို့မော်တော်ကားများ၊ထော်လာဂျီများဖြင့်ဆက်လက်ထွက်ခွာသွားကြ
မည်ဖြစ်ပြီးဒေသခံရှမ်း၊ပလောင်မိသားစုများဖြင့်ပူးပေါင်းကြပြီး ရွှေဖီလက်ဖက်များကိုတစ်ပျော်တစ်ပါးဆွတ်ခူး
ကြမည်ဖြစ်သည်။
ယင်းသို့လက်ဖက်ဆွတ်ခူးရာတွင်ရရှိလာသောလက်ဖက်များကိုအပုံနှစ်ပုံပုံပြီးလက်ဖက်ခြံရှင်တစ်ဝက်၊
ယင်းသို့လက်ဖက်ဆွတ်ခူးရာတွင်ရရှိလာသောလက်ဖက်များကိုအပုံနှစ်ပုံပုံပြီးလက်ဖက်ခြံရှင်တစ်ဝက်၊
လက်ဖက်ခူးလုပ်သားတစ်ဝက် ခွဲဝေယူသော စနစ်ဖြင့် ဆွတ်ခူးကြသည် ။
ယခုနှစ်တောင်ပေါ်တွင် မိုးရွာခဲ့သဖြင့် လက်ဖက်အထွက်နှုန်းကောင်း မွန်မည်ဟုလည်းသိရသည် ။
ပေါ်ဦးပေါ်ဖျား ရွှေဖီလက်ဖက်ရွှက်သစ် ဈေးနှုန်းမှာ တောင်ပေါ်တွင်တစ်ပိဿာ(၃၀၀၀)ကျပ်ဈေးနှုန်းရှိပြီး
ယခုနှစ်တောင်ပေါ်တွင် မိုးရွာခဲ့သဖြင့် လက်ဖက်အထွက်နှုန်းကောင်း မွန်မည်ဟုလည်းသိရသည် ။
ပေါ်ဦးပေါ်ဖျား ရွှေဖီလက်ဖက်ရွှက်သစ် ဈေးနှုန်းမှာ တောင်ပေါ်တွင်တစ်ပိဿာ(၃၀၀၀)ကျပ်ဈေးနှုန်းရှိပြီး
ကျောက်မဲမြို့ပေါ်တွင်တစ်ပိဿာ(၄၀၀၀)မှ(၄၅၀၀)ကျပ်ဈေးပေါက်နေသည်။ဈေးနှုန်းများမှာမတည်ငြိမ်သေး
ပဲအတက်၊အကျ ရှိနိုင်သည်ဟုသိရသည်။
ကျောက်မဲ