Thursday, March 14, 2013

အနောက်တံခါးသာ ကျိုးပေါက်သွားလျှင် ရွှေတိဂုံသည် ပြတိုက်ဖြစ်သွားနိုင်တယ်ဟု ဦးဇော်အေးမောင် ပြောကြား

0 comments
မတ်(၁၄)
ရခိုင်ပြည်နယ်မှာရှိသည့် အနောက်ဘက်တံခါးသာ ကျိုးပေါက် သွားမည်ဆိုလျှင် ရွှေတိဂုံဘုရားသည်
ပြတိုက်ဖြစ်သွားနိုင်သည်ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်မြို့ MICT Park တွင် ကျင်းပပြုလုပ်သော Seminer တွင် ပြောကြားသည်။

“လူဦးရေ အရမ်းများနေတဲ့ နိုင်ငံတွေကြားမှာ အနောက်ဖက်တံခါးကို နိုင်ငံကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကာကွယ်ခဲ့တာ။ အရင်တုန်းက ကိုလိုနီတွေကသေနတ်ကိုင်ပြီး နယ်ချဲ့ တာ။ အခု ၂၁ ရာစု နယ်ချဲ့နည်းက သိပ်ကြောက်စရာကောင်းတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီလူမျိုးသာ ရှိပြီး ရိုဟင်ဂျာလူမျိုးဟူ၍ မရှိကြောင်း၊ ရခိုင်တွင် မကြာသေးမှီကာလ က ဖြစ်သွားခဲ့သော ရုပ်ပုံလွှာများ သည် ရုပ်ပုံမှားများဖြစ်သည်ကို ကမ္ဘာကသိအောင် ရှင်းပြရန် လို အပ်ကြောင်း၊ မြန်မာပြည်သည် နယ်ချဲ့လိုသူတို့၏ ဝင်ပေါက်တစ်ခုဖြစ်နေပြီး လူမှုရေးဖြင့် လွှမ်းမိုးခြင်းခံနေရကြောင်းဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကန်ဒတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ရခိုင်တွေ ဘင်္ဂါလားဘက်ကို မြန်မာဘက်ကနေ ပြေးတဲ့အခါ ဒီလူတွေ ဘယ်ကလူတွေလဲ လို့ မေးတဲ့အခါ စကားမပီဘဲ ရရွှန်း၊ ရဟွန်းဟု ခေါ်လေ့ရှိတယ်။ ဒါဟာ ရခိုင်ပြည်မှ ပြေးလာတဲ့ ရခိုင်တွေလို့ ပြောတာဖြစ် ပြီး ဂျာဆိုတာက သူတို့ဆီမှာ မြို့တော်ကိုပြောတာဖြစ်တယ်။ နောက်ပိုင်း ရဟွန်းဂျာဟု ပြောရာကနေ
ရိုဟင်ဂျာဖြစ်လာတာ။ အရင်တုန်းက ဘင်္ဂလားမှာ ရခိုင်တွေကိုခေါ်ခဲ့တဲ့ ရဟွန်းဂျာဆိုတဲ့ အမည် ကို ပြန်လုဖို့ ကြိုးစားနေတာ။ သူတို့ပြောနေတဲ့ ရိုဟင်ဂျာဆိုတာ မလိမ့်တပတ် လုပ်ထားခြင်း သာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

အမေရိကန်တောင်ပိုင်းရှိ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ တက္ကဆက်၊ နယူးမက္ကဆီကို၊ ဖလော်ရီဒါ စသည့်ပြည်နယ်များတွင် မက္ကဆီကန် လူမျိုးများ ခိုဝင်နေထိုင်ကြသော်လည်း အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ချမှတ်ထားသည့် ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် စသည်တို့နှင့် အကျုံးမဝင်သည့်အတွက် ယနေ့အချိန်ထိ နိုင်ငံသားဖြစ်ခွင့်မရကြကြောင်း၊ ရုစဗက်ရေးသားသည့် လူ့အခွင့်အရေး ကြေညာစာတမ်း သည် အမေရိကန်နိုင်ငံ ကဲ့သို့ နိုင်ငံများမှာတောင် အကောင်အထည်မဖော်နိုင်ဘဲ ကျွန်တော်တို့နိုင်ငံကို လက်ညှိုးထိုး အပြစ်ပြောနေသည်မှာ အဓိပ္ပါယ်မရှိကြောင်း ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ဘင်္ဂါလီတွေက ရခိုင်မှာတင် မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ ရန်ကုန်ကို ၀င်နေတာမှ အများကြီးပဲ။ ဒီဘင်္ဂါလီတွေ တစ်ပြည်လုံးအနှံ့ မျိုးဆက် ပြန့်ပွားရေး လုပ်နေတဲ့ကိစ္စကို တရားဥပဒေကြောင်းနဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။ ဒါတွေ မလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ရဲ့ အခြေအနေဟာ စိုးရိမ်စရာ
ရှိပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး မျိုးဆက်ပြန့်ပွားရေး၊ ထိန်းသိမ်းရေးဟာ အမျိုးသမီးတွေပေါ်မှာ အများကြီး တာဝန်ရှိတယ်” ဟု ပွဲတက်ရောက်သူ ရခိုင်တစ်ဦးက ပြောကြားသည်။

“အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနဲ့ ဆော်ဒီအာရေးဗီးယားမှာဖြန့်တဲ့ လက်ကမ်းစာစောင်တွေမှာ ရခိုင်ပြည်က ဘာသာရေးစစ်ပွဲအတွက် ပိုက်ဆံတွေ လှူကြပါ။ အဲ့ဒီမှာ ဘဏ်အကောင့် နံပါတ်တွေလဲ ပေးထားတယ်။ ဒီလိုအကြံရှိတဲ့သူတွေက ရခိုင်တွေနဲ့ ငြိမ်းချမ်းစွာနေလိုပါတယ်ဆို ဘယ်ရခိုင်က ယုံမှာလဲ” ဟု
နိုင်ငံတကာလေ့လာရေးသမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။

The Myanma Age
ဓာတ်ပုံ - သီဟ
အနောက်တံခါးသာ ကျိုးပေါက်သွားလျှင် ရွှေတိဂုံသည်
ပြတိုက်ဖြစ်သွားနိုင်တယ်ဟု ဦးဇော်အေးမောင် ပြောကြား

ရန်ကုန်၊ မတ် ၁၄။

ရခိုင်ပြည်နယ်မှာရှိသည့် အနောက်ဘက်တံခါးသာ 
ကျိုးပေါက် သွားမည်ဆိုလျှင် ရွှေတိဂုံဘုရားသည်
ပြတိုက်ဖြစ်သွားနိုင်သည်ဟု ရခိုင် တိုင်းရင်းသားရေးရာ
ဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်မြို့ MICT Park တွင် 
ကျင်းပပြုလုပ်သော Seminer တွင် ပြောကြားသည်။

“လူဦးရေ အရမ်းများနေတဲ့ နိုင်ငံတွေကြားမှာ အနောက်ဖက်
တံခါးကို နိုင်ငံကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခု
တည်းနဲ့ ကာကွယ်ခဲ့တာ။ အရင်တုန်းက ကိုလိုနီတွေက
သေနတ်ကိုင်ပြီး နယ်ချဲ့တာ။ အခု ၂၁ ရာစု နယ်ချဲ့နည်းက သိပ်ကြောက်စရာကောင်းတယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီလူမျိုးသာ ရှိပြီး ရိုဟင်ဂျာလူမျိုးဟူ၍ 
မရှိကြောင်း၊ ရခိုင်တွင် မကြာသေးမှီကာလက ဖြစ်သွားခဲ့သော 
ရုပ်ပုံလွှာများ သည် ရုပ်ပုံမှားများဖြစ်သည်ကို ကမ္ဘာကသိအောင် 
ရှင်းပြရန် လိုအပ်ကြောင်း၊ မြန်မာပြည်သည် နယ်ချဲ့လိုသူတို့၏ ဝင်ပေါက်တစ်ခုဖြစ်နေပြီး လူမှုရေးဖြင့် လွှမ်းမိုးခြင်းခံနေရကြောင်း
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကန်ဒတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ရခိုင်တွေ ဘင်္ဂါလားဘက်ကို မြန်မာဘက်ကနေ ပြေးတဲ့အခါ 
ဒီလူတွေ ဘယ်ကလူတွေလဲလို့ မေးတဲ့အခါ စကားမပီဘဲ ရရွှန်း၊ ရဟွန်းဟု ခေါ်လေ့ရှိတယ်။ ဒါဟာ ရခိုင်ပြည်မှ ပြေးလာတဲ့ ရခိုင်
တွေလို့ ပြောတာဖြစ်ပြီး ဂျာဆိုတာက သူတို့ဆီမှာ မြို့တော်ကို
ပြောတာဖြစ်တယ်။ နောက်ပိုင်း ရဟွန်းဂျာဟု ပြောရာကနေ
ရိုဟင်ဂျာဖြစ်လာတာ။ အရင်တုန်းက ဘင်္ဂလားမှာ ရခိုင်တွေကို
ခေါ်ခဲ့တဲ့ ရဟွန်းဂျာဆိုတဲ့ အမည်ကို ပြန်လုဖို့ ကြိုးစားနေတာ။ သူတို့ပြောနေတဲ့ ရိုဟင်ဂျာဆိုတာ မလိမ့်တပတ် လုပ်ထားခြင်း သာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

အမေရိကန်တောင်ပိုင်းရှိ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ 
တက္ကဆက်၊ နယူးမက္ကဆီကို၊ ဖလော်ရီဒါ စသည့်ပြည်နယ်
များတွင် မက္ကဆီကန် လူမျိုးများ ခိုဝင်နေထိုင်ကြသော်လည်း အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ချမှတ်ထားသည့် ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် စသည်တို့နှင့် အကျုံးမဝင်သည့်အတွက် ယနေ့အချိန်ထိ နိုင်ငံသားဖြစ်ခွင့်မရကြကြောင်း၊ ရုစဗက်ရေးသား
သည့် လူ့အခွင့်အရေး ကြေညာစာတမ်းသည် အမေရိကန်နိုင်ငံ ကဲ့သို့ နိုင်ငံများမှာတောင် အကောင်အထည်မဖော်နိုင်ဘဲ ကျွန်တော်တို့နိုင်ငံကို လက်ညှိုးထိုး အပြစ်ပြောနေသည်မှာ အဓိပ္ပါယ်မရှိကြောင်း ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ဘင်္ဂါလီတွေက ရခိုင်မှာတင် မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ 
ရန်ကုန်ကို ၀င်နေတာမှ အများကြီးပဲ။ ဒီဘင်္ဂါလီတွေ 
တစ်ပြည်လုံးအနှံ့ မျိုးဆက် ပြန့်ပွားရေး လုပ်နေတဲ့ကိစ္စကို တရားဥပဒေကြောင်းနဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။ ဒါတွေ မလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ရဲ့ အခြေအနေဟာ စိုးရိမ်စရာ
ရှိပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး မျိုးဆက်ပြန့်ပွားရေး၊ ထိန်း
သိမ်းရေးဟာ အမျိုးသမီးတွေပေါ်မှာ အများကြီး တာဝန်ရှိတယ်” 
ဟု ပွဲတက်ရောက်သူ ရခိုင်တစ်ဦးက ပြောကြားသည်။

“အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနဲ့ ဆော်ဒီအာရေးဗီးယားမှာ
ဖြန့်တဲ့ လက်ကမ်းစာစောင်တွေမှာ ရခိုင်ပြည်က ဘာသာရေး
စစ်ပွဲအတွက် ပိုက်ဆံတွေ လှူကြပါ။ အဲ့ဒီမှာ ဘဏ်အကောင့် နံပါတ်တွေလဲ ပေးထားတယ်။ ဒီလိုအကြံရှိတဲ့သူတွေက ရခိုင်
တွေနဲ့ ငြိမ်းချမ်းစွာနေလိုပါတယ်ဆို ဘယ်ရခိုင်က ယုံမှာလဲ” ဟု
နိုင်ငံတကာလေ့လာရေးသမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ
အေးချမ်းက ပြောကြားသည်။

ရည်မွန်
ဓာတ်ပုံ - သီဟ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here