Thursday, March 14, 2013

ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ပျက်ကွက်ခဲ့ရမှု တရုတ်ပြည် ကြိုးနီစနစ်ကြောင့်ဟု UWSA က ဝေဖန်

0 comments

မတ်(၁၄)


တရုတ်ပြည် ရွှေလီမြို့၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် ကချင်ပြည် လွတ် မြောက်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မတက်ရောက်နိုင်ခဲ့သည်မှာ တရုတ်ပြည် ဗျူရိုကရေစီစနစ်၏ နှေးကွေးမှုကြောင့် ဖြစ်သည်ဟု UWSA ဘက်မှ ပြစ်တင်ဝေဖန်လိုက်သည်။

တရုတ်ပြည်ရဲ့ ရုံးစနစ်က တဆင့်ပြီး တဆင့်သွားတယ်။ အချိန်ကြာပြီး နှေးကွေးတယ်။ အထက်အရာ ရှိနဲ့ လက်အောက် ဝန်ထမ်းတွေ ဆက်သွယ်တာလည်း နှေးတယ်။ နယ်စပ်မှာရှိတဲ့ မိုင်းငါ့က ဝန်ထမ်း တွေ မိုင်းလျမ်းကို အကြောင်းမကြားလို့ ဖြစ်မယ်။ ဒါကြောင့် နယ်စပ် ဖြတ်သန်းခွင့် အချိန်မှီ မရတာ” ဟု UWSA နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် UWSA ဘက်မှ ကိုယ်စား လှယ်များ နယ်စပ်ဖြတ်သန်းခွင့် ကြိုတင်တောင်းထားသော်လည်း အချိန်မှီ မကျလာ သည့်အတွက် ပျက်ကွက်ခဲ့ရခြင်း ဖြစ်ကြောင်း ဆို၏။

“နယ်စပ်ဖြတ်ဖို့ ခွင့်တောင်းရင် ၁ ရက်တည်းနဲ့ရတာ ရှိသလို တခါတလေ ၃ ရက်ထိ ကြာတတ်တယ်။ ဒီတခေါက်တော့ အရမ်းကြာသွားတာတော့ အမှန်ဘဲ။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး” ဟု UWSA အရာရှိတစ်ဦးကလည်း ပြောပါ သည်။

တဖက်၌လည်း မူးယစ်ဆေးဝါးကြောင့် နာမည်ကျော်ကြားနေသည့် အဖွဲ့မှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဆွေးနွေး ပွဲသို့ တက်ရောက်လာပါက ဘေကျင်း(ပီကင်း)အတွက် မျက်နှာပူစရာဖြစ်မည် စိုးသည့်အတွက် တရုတ်ဘက်က နယ်စပ်ဖြတ်သန်းခွင့် မပေးခြင်းဖြစ်သည်ဟုလည်း တခိျု့က သုံးသပ် နေကြပါသည်။

UWSA ဘက်မှ ဒု-စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း၊ ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ ခေါ် ဦးအောင်မြင့်၊ ပြည်ပ ဆက်သွယ်ရေးဌာနကြီးမှူး ကျောက်ကော်အန်း တို့ကို ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရွေးချယ် ထားခဲ့သည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here