Friday, March 15, 2013

တောင်ကြီး-ဇလဲ လမ်းမပေါ် ကျူးကျော်ဆောက်လုပ်သည့် ကုန်စုံဆိုင် ပြန်လည်ဖျက်သိမ်းရန် ဆိုင်ရှင်ကိုသတိပေး

0 comments
မတ်(၁၅)
တောင်ကြီး-ဇလဲ လမ်းနယ်နမိတ်အတွင်း ကျူးကျော်အဆောက်အဦးဖယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေး မှူးက အကြောင်းကြားစာပေးပို့ထားသော်လည်း ယခုဖယ်ပေးခြင်းမရှိကြောင်း မတ်လ ၁၄ ရက် နားယောင်းကျေးရွာနေ ဦးလယ်က ပြောသည်။



နားယောင်းကျေးရွာ တောင်ကြီး- ဇလဲ လမ်းမပေါ်ရှိ ဦးခွန်စိန်ဝင်း၏ ကုန်စုံဆိုင်သည် ၂၀၀၇ ခုနှစ် ၉ လ ၉ ရက်တွင် ဆောက်လုပ်ပြီး လမ်းအလယ်ဗဟိုမှ ပေ ၂၀၊ အနောက်ဦးလယ်ခြံက ၁၀ ပေ ဝန်းကျင်ပေါ်တွင် ဆောက်လုပ်ထားကြောင်း သိရသည်။ 

တရားဝင် ခွင့်ပြုချက်မရဘဲ လမ်းပေါ်မှာနေထိုင်ခြင်း၊ သူများပိုင်ခြံပေါ်ချဲ့ယူခြင်း၊ အဆောက်အဦးကို ဖျက်သိမ်းပေးရန် နန်းဟူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဥက္ကဌဦးအောင်ဆန်းထံသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တင်ပြခဲ့ကြောင်း ဦးလယ်က ပြောသည်။ 

တောင်ကြီး-ဇလဲ လမ်းဧရိယာတွင်းသို့ ကျူးကျော်ထားခြင်း ရှိ/မရှိ စီစစ်တင်ပြရန် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသို့ ရည်ညွှန်းစာဖြင့် အကြောင်းကြားခဲ့ရာ အဆိုပါကုန်စုံဆိုင်သည် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းခြင်းမရှိကြောင်း တိုင်းတာစစ်ဆေးချက်နှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးသို့ တင်ပြထားကြောင်း သိရသည်။ 

နားယောင်းကျေးရွာ တောင်ကြီး-ဇလဲ လမ်းပေါ်ရှိ ဦးခွန်စိန်ဝန်း၏ ကုန်စုံဆိုင်သည် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းခြင်းမရှိသဖြင့် ဖျက်သိမ်းရန် ကာယကံရှင်သို့ အသိပေးဆောင်ရွက်ရန်နှင့် ဖျက်သိမ်းပြီး အခြေအနေကို ပြန်လည်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လတ်က ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်တွင် အကြောင်းကြားထားကြောင်း၊ ဖျက်သိမ်းခြင်းမရှိပါက လမ်းနယ်နိမိတ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထိုအကြောင်းကြားစာတွင် သိရသည်။ 

အဆောက်အဦးပိုင်ရှင် ဦးခွန်စိန်ဝင်းသည် မြို့နယ်အုပ်ချုပ်ရေးမှူးဆီသို့ အသနားခံစာတင်ပြီး လမ်းပြင် လျှင် ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မြေစာရင်းရုံးက မကြာခဏ ကွင်းဆင်းပြီးအပြောင်းရွှေ့ရန် အသိပေးခဲ့သော်လည်း ပြောင်းရွေ့ခြင်းမရှိ၊ အရေးယူခြင်းလည်း မရှိ၊ တစ်နှစ်ပြည့်သွားပြီဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် လက်ထက်တွင် နှစ်ကြိမ်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း နားယောင်းကျေးရွာ ဦးလယ်က ပြောသည်။ 
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here