Friday, March 15, 2013

နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ် ဒုတိယအကြိမ် ပရိယတ္တိစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

0 comments
မတ်(၁၅)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၂) ရက် (၁၃-၃-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက် (၈း၀၅) နာရီခန့်မှာ 
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ နောင်တရားမြို့၊ နောင်တရား ပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာအဖြစ် ဒုတိယအကြိမ် ပရိယတ္တိမူလက စာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ နောင်တရားကျောင်းဆရာတော် ဦးဂန္ဓမာ၊ နမ်းပါလင်းကျောင်းဆရာတော် ဦးဝါယာမ၊ လေတဲက်ကျောင်းဆရာတော် ဦးဥာဏိဿရ အရှင်မြတ်တို့က သြ၀ါဒါစရိယအဖြစ် သြ၀ါဒစကား အသီးသီးကြွရောက် မိန့်ကြားခဲ့ပါတယ်။ 

ပင့်ဖိတ်ထားတဲ့ စာထောက်စာမ ဆရာတော်တွေအပြင် နောင်တရားကျောင်းဒကာ/ဒကာမများ၊ သံဃာ့ဝေယျာဝစ္စ အလှည့်ကျတဲ့ ဥာဏ်ပင်ရွာက ဒကာ/ဒကာမများနဲ့၊ နောင်တရား၊ ကောင်နာ၊ နောင်ဘုရားကုန်း၊ သာယာအုံးရွာ စတဲ့ရွာများက ဓမ္မစကြာအဖွဲ့တွေလည်း လာရောက် ကြည်ညို ပူဇော်ခဲ့ကြပါတယ်။

စာပြန်/စာဖြေကြတဲ့ သံဃာတော်တွေကတော့ နောင်တရားကျောင်းတိုက်အတွင်း သီတင်းသုံးပြီး စာပေလေ့လာသင်ယူတဲ့ စာသင်သားသံဃာတော်များ ဖြစ်ပါတယ်။ မူလတန်းကနေ ဓမ္မာစရိယတန်းအထိ စုစုပေါင်း သံဃာတော် (၉၆) ပါး ၀င်ရောက် ပြန်ဆို ရေး ဖြေကြတယ်လို့ သိရပါတယ်။ 

စာမေးပွဲက တပေါင်းလဆန်း (၂) ရက် ကနေ (၁၁) ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။ 
နေ့စဉ်အလိုက် နောင်တရားကျောင်းဒကာဖြစ်ကြသည့် ဆွမ်းအလှူရှင်များလည်း စေတနာထက်သန်စွာဖြင့် ဆွမ်းကပ်လှူဒါန်းကြတာကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။

ဤပရိယတ္တိစာပြန်ပွဲတော်အား ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ပရိယတ္တိသာသနာတော် ထွန်းလင်းပြန့်ပွားပြီး အဓွန့်တည်စေဖို့အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်တဲ့အကြောင်း နောင်တရားကျောင်း တိုက်အုပ်ဆရာတော် ဦးတေဇနိယ က မိန့်ကြားခဲ့ပါတယ်။


တာင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here