Thursday, March 14, 2013

ဂျော်ဒန်နိုင်ငံရောက် အလုပ်သမားများအမြန်ဆုံးပြန်လာနိုင်ရန် မိသားစုဝင်များ မျှော်လင့်

0 comments
မတ်(၁၄)

Photo: ဂျော်ဒန်နိုင်ငံရောက် အလုပ်သမားများ
အမြန်ဆုံးပြန်လာနိုင်ရန် မိသားစုဝင်များ မျှော်လင့်

မတ် ၁၄ ရက်၊၂၀၁၃


ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော
မြန်မာအလုပ်သမားများ အခွင့်အရေးဆုံးရှုံးနေမှုကြောင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ သော်လည်း တစုံတရာ အရေး ယူပေးခြင်းမရှိသည့်အပြင် ဥပဒေမဲ့ပြုလုပ်ခဲ့ခြင်းကြောင့်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမား
များမှ ကျန်ရှိသူများအား အမြန်ဆုံး ပြန်လာနိုင်ရန်နှင့် လုပ်ငန်းအဆင်ပြေစေရန် ရည်ရွယ်၍ ၈၈ မျိုးဆက်
ကျောင်းသားများ ရုံးခန်းတွင် ကြုံတွေ့ခဲ့ရသည့် အခက် အခဲများနှင့်ပတ်သက်၍ ယနေ့ နံနက် ၁၀နာရီက
သတင်းစားရှင်းလင်း ပွဲပြုလုပ်ခဲ့ကြသည်။

မြန်မာအလုပ်သမားများအား အဆင့်အတန်းခွဲခြား
ဆက်ဆံခြင်း၊ လုပ်ငန်းခွင်အတွင်း နှိမ့်ချဆက်ဆံခြင်း၊
လုပ်ခလစာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု
မပေးခြင်း၊ အလုပ်သမား အခွင့်အရေးများ မရရှိခြင်းများ
ကြောင့် လွန်ခဲ့သည့်လမှ စတင်၍ ဆန္ဒထုတ်ဖော်မှုများ
ပြုလုပ်ခဲ့သော် လည်း ယခုချိန်ထိ တစုံတရာ ပြေလည်
အောင်မညှိနှိုင်းသည့်အပြင် ဂျော်ဒန်နိုင်ငံ ဥပဒေအရ
ကြာရှည်စွာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ပါက ခေါင်းဆောင်
များအား အရေးယူမည် စသည်ဖြင့် ခြိမ်းခြောက်မှုများ
ပြုလုပ်ခဲ့ကြောင်း၊ ထို့သို့သော အခက်အခဲများကြောင့်
မိမိနိုင်ငံသို့ အမြန်ဆုံးပြန် လည် ရောက်ရှိနိုင်ရန် ယခုကဲ့သို့
ပြုလုပ်ခဲ့ ရခြင်းဖြစ်ကြောင်း ပြန်လည်ရောက်ရှိလာသော
အလုပ်သမား များက ပြောကြားသည်။

"နေပြည်တော်ထိ ဒီကိစ္စနဲ့ပတ်သက်ပြီး စာတွေတင်
ထားတယ်။ ခုချိန်ထိတော့ ဘာမှမထူးသေးဘူး။ ဟို
ဘက်နဲ့လည်း ဒီနေ့မနက်ထိ အဆက်အသွယ် ရနေ
တယ်။ အလုပ်မဆင်းလို့ သူတို့ မိန်ကလေးအခန်းတွေ
ထဲထိ ဆွဲလားရမ်းလား လုပ်တာတွေလည်း ရှိတယ်ပြော တယ်။ လေးယောက်လည်း ဒဏ်ရာရတယ်လို့ ပြောတယ်"
ဟုဂျော်ဒန်နိုင်ငံရှိ ယင်းစက်ရုံတွင် ၂ နှစ်ကျော်ကြာ အလုပ် လုပ်ကိုင်လျက်ရှိသူ မလင်းလင်း ဖြိုး၏ အကိုဖြစ်သူ ကိုနိုင်ဦးမှ ပြောကြားသည်။

အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးမှုမရှိခြင်းနှင့် အစားအသောက်အဆင်မပြေမှုတို့ကြောင့် ပြန်လာချင်
ကြောင်း၊ ဆန္ဒပြမှုတွင် အား လုံး ပါဝင်နေပြီး သူမအနေ
ဖြင့်လည်း ကိုယ်တိုင်ကြုံတွေ့နေရသည့် အခက်အခဲများ
ကြောင့် အလုပ်မဆင်းဘဲနေခဲ့ပြီး အလုပ်မဆင်းဘဲ နေခဲ့
သည်မှာ တလခန့်ရှိခဲ့ပြီးနောက် စက်ရုံဘက်မှ ခြိမ်းခြောက်
မှုများကြောင့် အချို့မှာ အလုပ်ပြန်လည် လုပ်ကိုင်နေ
ကြကြောင်း၊ သို့သော်လည်း အားလုံးနီးပါးမှာ ပြန်လာချင်
သူများဖြစ်ပြီး ၎င်း၏ညီမဖြစ်သူမှာမူ နှစ်သက်တန်းတိုးထားရာ
ဆယ်လခန့် သက်တန်းများစွာ ကျန်ရှိနေသောကြောင့်
ပြန်လာရန်မလွယ်ကူကြောင်း၊ ပြန်လာချင်သူများမှာ ကုမ္ပဏီအား လော်ကြေးပေးမှသာ ပြန်လာနိုင်ကြေင်း၊
အချို့မှာ ဆက်လက်မလုပ် ကိုင်တော့သဖြင့် လျော်ကြေး
ပေး၍ ပြန်လာကြကြောင်းလည်း ဆက်လက်ပြောကြားသည်။

"သေချာညှိနှိုင်းပြီး ဆက်လုပ်ကိုင်ခိုင်းမယ်ဆိုရင်လဲ သူ့တို့ရဲ့
လုံခြုံရေး၊ သူတို့ရဲ့ အသက်အန္တရာယ်ကို ဘယ်သူက တာဝန်
ယူမလဲ၊ မိမိနိုင်ငံကို ပြန်လာဖို့ အလုပ်ရှင်က ဆောင်ရွက်မပေး
ရင် ဂျော်ဒန်နဲ့ မြန်မာနိုင်ငံအစိုးရ ညှိနှိုင်းပြီး ဖြေရှင်းပေးဖို့ လို
လာပြီ"ဟု ယင်းကိစ္စအား ကူညီဆောင် ရွက် ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဒေါ်မာမာဦးမှ ပြောကြားသည်။

ဂျော်ဒန်နိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသော အလုပ်သမား
များ၏ အခက်အခဲများပြေလည်သည်အထိ မိမိတို့ဘက်မှ
ဆက်လက် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ကိုင် သွားရန်ရှိကြောင်း၊အစိုးရ တာဝန်ရှိသူများအား ၎င်းတို့၏
အခက်အခဲများအား သိရှိနိုင်ရန် စာများ ပေးပို့ထားကြောင်း၊ အစိုးရဘက်မှလည်း ကြိုးစားနေကြောင်း၊ ယင်းကိစ္စအား
ဆောင်ရွက်ရန် ဂျော်ဒန်နိုင်ငံသို့ လူလွှတ်ထားကြောင်း၊
သို့သော်လည်း ယခုချိန်ထိ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိခြင်း မရှိသေးကြောင်းလည်း ဆက်လက် ပြောကြားသည်။

မိဘများအနေဖြင့်လည်း ၎င်းတို့၏ သာသမီးများ အဆင်ပြေေ
ပြေဖြင့် အမြန်ဆုံ ပြန်လည်ရောက်ရှီရန်ကိုသာ မျှော်လင့်ကြောင်း၊ ဆက်လက် လုပ်ကိုင်ခွင့် ရှိမည် ဆိုပါကလည်း ယင်းကဲ့သို့
ပြဿနာတက်ခဲ့ပြီး ဆက်သွယ်ရန်ခက်ခဲသည့် နိုင်ငံတွင် ဆက်လက်လုပ်ကိုင်စေရန် မသင့် တော်ကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ပြန်လည်ရောက်ရှိအောင်သာ ဆောင်ရွက်ပေးစေ
လိုကြောင်း အလုပ်လုပ်ကိုင်နေသူ မိန်ကလေးတစ်ဦး၏ ဖခင်က ပြောကြားသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဌာနကမူ ယင်းကိစ္စနှင့်ပတ်သက်
သည့် အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာန
များသို့ တင်ပြထားကြောင်း၊ မည်ကဲ့သို့ ဆောင်ရွက်နေ
သည်ဟူသည့် အချက်အလက် အတိအကျကိုမူ အလုပ်
သမား ဦးစီးဌာနမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း နေပြည်တော်
ပြည်ထဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ရှိ Century Miracle Apparel
(CMA) အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁ ထောင်ကျော်သည် လုပ်ခလစာ အမေရိကန် ဒေါ်လာ
၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုးများနှင့် ကိုက်
ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံ
အုပ်ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံး
သတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ကတည်းကဖြစ်သည်။

မြန်မာ့ခေတ်
ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများ အခွင့်အရေးဆုံးရှုံးနေမှုကြောင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ သော်လည်း တစုံတရာ အရေး ယူပေးခြင်းမရှိသည့်အပြင် ဥပဒေမဲ့ပြုလုပ်ခဲ့ခြင်းကြောင့်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများမှ ကျန်ရှိသူများအား အမြန်ဆုံး ပြန်လာနိုင်ရန်နှင့် လုပ်ငန်းအဆင်ပြေစေရန် ရည်ရွယ်၍ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ကြုံတွေ့ခဲ့ရသည့် အခက် အခဲများနှင့်ပတ်သက်၍ ယနေ့ နံနက် ၁၀နာရီကသတင်းစားရှင်းလင်း ပွဲပြုလုပ်ခဲ့ကြသည်။

မြန်မာအလုပ်သမားများအား အဆင့်အတန်းခွဲခြားဆက်ဆံခြင်း၊ လုပ်ငန်းခွင်အတွင်း နှိမ့်ချဆက်ဆံခြင်း၊
လုပ်ခလစာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုမပေးခြင်း၊ အလုပ်သမား အခွင့်အရေးများ မရရှိခြင်းများကြောင့် လွန်ခဲ့သည့်လမှ စတင်၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သော် လည်း ယခုချိန်ထိ တစုံတရာ ပြေလည်အောင်မညှိနှိုင်းသည့်အပြင် ဂျော်ဒန်နိုင်ငံ ဥပဒေအရကြာရှည်စွာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ပါက ခေါင်းဆောင်များအား အရေးယူမည် စသည်ဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း၊ ထို့သို့သော အခက်အခဲများကြောင့်မိမိနိုင်ငံသို့ အမြန်ဆုံးပြန် လည် ရောက်ရှိနိုင်ရန် ယခုကဲ့သို့ပြုလုပ်ခဲ့ ရခြင်းဖြစ်ကြောင်း ပြန်လည်ရောက်ရှိလာသောအလုပ်သမား များက ပြောကြားသည်။

"နေပြည်တော်ထိ ဒီကိစ္စနဲ့ပတ်သက်ပြီး စာတွေတင်ထားတယ်။ ခုချိန်ထိတော့ ဘာမှမထူးသေးဘူး။ ဟို
ဘက်နဲ့လည်း ဒီနေ့မနက်ထိ အဆက်အသွယ် ရနေတယ်။ အလုပ်မဆင်းလို့ သူတို့ မိန်ကလေးအခန်းတွေ
ထဲထိ ဆွဲလားရမ်းလား လုပ်တာတွေလည်း ရှိတယ်ပြော တယ်။ လေးယောက်လည်း ဒဏ်ရာရတယ်လို့ ပြောတယ်"ဟုဂျော်ဒန်နိုင်ငံရှိ ယင်းစက်ရုံတွင် ၂ နှစ်ကျော်ကြာ အလုပ် လုပ်ကိုင်လျက်ရှိသူ မလင်းလင်း ဖြိုး၏ အကိုဖြစ်သူ ကိုနိုင်ဦးမှ ပြောကြားသည်။

အလုပ်သမားများ၏လုပ်ခလစာတိုးမြှင့်ပေးမှုမရှိခြင်းနှင့်အစားအသောက်အဆင်မပြေမှုတို့ကြောင့် ပြန်လာ
ချင်ကြောင်း၊ ဆန္ဒပြမှုတွင် အား လုံး ပါဝင်နေပြီး သူမအနေဖြင့်လည်း ကိုယ်တိုင်ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် အလုပ်မဆင်းဘဲနေခဲ့ပြီး အလုပ်မဆင်းဘဲ နေခဲ့သည်မှာ တလခန့်ရှိခဲ့ပြီးနောက် စက်ရုံဘက်မှ ခြိမ်းခြောက်မှုများကြောင့် အချို့မှာ အလုပ်ပြန်လည် လုပ်ကိုင်နေကြကြောင်း၊ သို့သော်လည်း အားလုံးနီးပါးမှာ ပြန်လာချင်သူများဖြစ်ပြီး ၎င်း၏ညီမဖြစ်သူမှာမူ နှစ်သက်တန်းတိုးထားရာဆယ်လခန့် သက်တန်းများစွာ ကျန်ရှိနေသောကြောင့်
ပြန်လာရန်မလွယ်ကူကြောင်း၊ ပြန်လာချင်သူများမှာ ကုမ္ပဏီအား လော်ကြေးပေးမှသာ ပြန်လာနိုင်ကြေင်း၊
အချို့မှာဆက်လက်မလုပ်ကိုင်တော့သဖြင့် လျော်ကြေးပေး၍ ပြန်လာကြကြောင်းလည်းဆက်လက်ပြောကြား
သည်။

"သေချာညှိနှိုင်းပြီး ဆက်လုပ်ကိုင်ခိုင်းမယ်ဆိုရင်လဲ သူ့တို့ရဲ့လုံခြုံရေး၊ သူတို့ရဲ့ အသက်အန္တရာယ်ကို ဘယ်သူကတာဝန်ယူမလဲ၊မိမိနိုင်ငံကို ပြန်လာဖို့အလုပ်ရှင်က ဆောင်ရွက်မပေးရင် ဂျော်ဒန်နဲ့ မြန်မာနိုင်ငံ
အစိုးရ ညှိနှိုင်းပြီး ဖြေရှင်းပေးဖို့ လိုလာပြီ"ဟု ယင်းကိစ္စအား ကူညီဆောင် ရွက် ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဒေါ်မာမာဦးမှ ပြောကြားသည်။

ဂျော်ဒန်နိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသော အလုပ်သမားများ၏ အခက်အခဲများပြေလည်သည်အထိ မိမိတို့ဘက်မှဆက်လက် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ကိုင် သွားရန်ရှိကြောင်း၊အစိုးရ တာဝန်ရှိသူများအား ၎င်းတို့၏အခက်အခဲများအား သိရှိနိုင်ရန် စာများ ပေးပို့ထားကြောင်း၊ အစိုးရဘက်မှလည်း ကြိုးစားနေကြောင်း၊ ယင်းကိစ္စအားဆောင်ရွက်ရန် ဂျော်ဒန်နိုင်ငံသို့ လူလွှတ်ထားကြောင်း၊သို့သော်လည်း ယခုချိန်ထိ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိခြင်း မရှိသေးကြောင်းလည်း ဆက်လက် ပြောကြားသည်။

မိဘများအနေဖြင့်လည်း၎င်းတို့၏သာသမီးများအဆင်ပြေပြေဖြင့်အမြန်ဆုံ ပြန်လည်ရောက်ရှီရန်ကိုသာ
 မျှော်လင့်ကြောင်း၊ ဆက်လက် လုပ်ကိုင်ခွင့် ရှိမည် ဆိုပါကလည်း ယင်းကဲ့သို့ပြဿနာတက်ခဲ့ပြီး ဆက်သွယ်ရန်ခက်ခဲသည့် နိုင်ငံတွင် ဆက်လက်လုပ်ကိုင်စေရန်မသင့် တော်ကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ပြန်လည်ရောက်ရှိအောင်သာ ဆောင်ရွက်ပေးစေလိုကြောင်း အလုပ်လုပ်ကိုင်နေသူ မိန်ကလေးတစ်ဦး၏ ဖခင်က ပြောကြားသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဌာနကမူယင်းကိစ္စနှင့်ပတ်သက်သည့်အချက်အလက်များကိုသက်ဆိုင်ရာဝန်ကြီးဌာန
များသို့ တင်ပြထားကြောင်း၊ မည်ကဲ့သို့ ဆောင်ရွက်နေသည်ဟူသည့် အချက်အလက် အတိအကျကိုမူ အလုပ်သမားဦးစီးဌာနမှသာသိရှိနိုင်မည်ဖြစ်ကြောင်း နေပြည်တော်ပြည်ထဲရေးဌာနမှတာဝန်ရှိသူတစ်ဦးက
 ပြောကြားသည်။

ဂျော်ဒန်နိုင်ငံRamthaမြို့ရှိCentury Miracle Apparel (CMA)အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံမှအလုပ်
သမား၁ ထောင်ကျော်သည်လုပ်ခလစာအမေရိကန် ဒေါ်လာ၁၅၅မှ၂၀၀သို့တိုးပေးရေး၊ မြန်မာလူမျိုးများနှင့်
ကိုက်ညီသည့်အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ကတည်းကဖြစ်သည်။

မြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here