Saturday, April 6, 2013

တောင်ကြီးမြို့၌ မြန်မာ့ ရိုးရာ မဟာ သင်္ကြန် ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

0 comments
ဧပြီ(၆)
မြန်မာ့ ရိုးရာ မဟာ သင်္ကြန် ပွဲတော်ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ဦးဆောင် လမ်းညွှန် မှုဖြင့် ပြည်နယ် ဝန်ကြီး ဌာန များနှင့် ဌာန ဆိုင်ရာများ၊ ငြိမ်းချမ်းရေး အဖွဲ့များ ပူးပေါင်း

ပါဝင် မှုဖြင့် ဗဟို ဆုပေး မဏ္ဍပ် တစ်ခု၊ ငြိမ်းချမ်းရေး အဖွဲ့မှ မဏ္ဍပ် တစ်ခု၊ ဝန်ကြီး ဌာနများနှင့် ဌာန ဆိုင်ရာများမှ မဏ္ဍပ်လေးခု၊ တိုင်းစစ် ဌာနချုပ် ဗဟို ဆုပေး မဏ္ဍပ် အပါ အဝင် စုစုပေါင်း မဏ္ဍပ် ခုနစ်ခု တို့ဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး သင်္ကြန် ပွဲတော် မတိုင်မီ ရေကစား မဏ္ဍပ်များ ခမ်း နားစွာ ဆောက် လုပ် လျက် ရှိသည်။

သင်္ကြန် ကာလတွင် မဏ္ဍပ် များ၌ နိုင်ငံကျော် အဆိုတော် များဖြင့် ဖျော်ဖြေ ဧည့်ခံခြင်း၊ ဗဟို ဆုပေး မဏ္ဍပ်၌ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ၂၆ ဖွဲ့ဖြင့် ယှဉ်ပြိုင် ဖျော်ဖြေခြင်း များကို စည် ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

http://bit.ly/16AdTp0
မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here