Monday, May 13, 2013

မိုင်းဆတ်မြို့၌ ကလေးဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း မြို့နယ်အဆင့်သင်တန်းဖွင့်

0 comments

မေ ၁၃ ရက်

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ကလေးများကိုယ်တိုင် စဉ်းစားတွေးခေါ်ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး၊  အရည်အသွေးမြင့်မားသည့် ကျောင်းသား ကျောင်းသူလေးများ၊ ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးများ၊ အနာဂတ်တွင် နိုင်ငံ့အတွက် အားထားရသည့် သားကောင်းသမီးမွန်များ ဖြစ်စေရေးတို့အတွက် ကလေးဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း မြို့နယ်အဆင့် ပထမအကြိမ်သင်တန်းဖွင့်ပွဲကို မေ ၁၂ ရက်၊ နံနက် ၈ နာရီခွဲက အထက-မိုင်းဆတ်၊ သံလွင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။




အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ တို့က အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ သင်တန်းတွင် ပြည်နယ်အဆင့် နည်းပြသင်တန်းဆင်း ဆရာ၊  ဆရာမ (၉)ဦးက ပြန်လည်သင်ကြားပို့ချမည်ဖြစ်ပြီး၊ သင်တန်းသို့   အခြေခံပညာမူလတန်းကျောင်း (၄၈)ကျောင်းမှ မူလတန်းအဆင့်သင်  ဆရာ၊ ဆရာမ (၁၂၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၂-၅-၂၀၁၃ ရက်နေ့မှ ၂၃-၅-၂၀၁၃ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
 


Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here