Wednesday, May 15, 2013

တန့်ယန်းရှိ ဒုက္ခသည် တချို့ နေရပ်ပြန်ပြီ

0 comments

မေလ ၁၅ ရက်

တန့်ယန်း အောင်င်္ဂလာ ကျောင်းတိုက် တွင် တွေ့ရသော စစ်ဘေးရှောင်သူများ (ဓာတ်ပုံ – တန့်ယန်းလူငယ်များ) 

တန့်ယန်းမြို့တွင် ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ထဲက တစ်ရာကျော်လောက်ဟာ ဒီကနေ့ မေလ ၁၅ ရက်နေ့မှာပဲ သူတို့ရပ်ရွာတွေဆီကို ပြန်သွားကြပြီလို့ သတင်းရရှိပါတယ်။

ပြန်သွားတဲ့လူတွေ တစ်ရာကျော်လောက်ရှိမယ်။ သူတို့စီးဖို့ ကားကြီးနှစ်စီး စီစဉ်ပြီးပို့ပေးလိုက်တာပါ။ ဆန်အိတ်ပေါင်း ၂၀၀ လောက်လည်း ထည့်ပေးလိုက်ပါတယ်။ – လို့ ဒုက္ခသည်များ အရေး ကူညီဆောင်ရွက်ပေးနေတဲ့ တန့်ယန်းက စိုင်းအောင်ဘ က ကော့လီကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတာတွေတော့ မရှိတော့ပါဘူး။ (မေလ) ၁၁ ရက်နေ့တုန်းက ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီက လူကြီးတွေ အောင်မင်္ဂလာကျောင်းကို လာကြည့်သွားတယ်။ ဦးသိန်းဇော် တို့ပေါ့။ အခုတိုက်ပွဲတွေ မဖြစ်တော့ဘူး ဆိုတော့ ပြန်ချင်ရင် ပြန်လို့ ရပြီလို့ သူတို့ကပြောတယ်။ ဒါကြောင့် ပြန်ဖြစ်ကြတာပါ။ – လို့ စိုင်းအောင်ဘ က ပြောပါတယ်။

အခုလို ဒုက္ခသည်တချို့ နေရပ်ပြန်ကြပေမယ့် တချို့ကလည်း တောင်ယာ စိုက်ပျိုးချိန် လွန်သွားပြီဖြစ်လို့ ရပ်ရွာကို မပြန်တော့ဘဲ တန့်ယန်းမြို့ရှိ ဆွေမျိုးများထံပဲ နေထိုင်ကြဦးမယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော်တို့ တွေ့ဆုံဆွေးနွေးကြအပြီး ဦးသိန်းဇော်တို့ဟာ တန့်ယန်းမြို့ အောင်င်္ဂလာကျောင်းတိုက်ကို လာရောက်ပြီး ဆန်အိတ် ၁၀၀ နဲ့ စာသုံးဆီ ငါပုံး လှူဒါန်းသွားတယ်လို့ သိရပါတယ်။

Kawli Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here