Saturday, May 11, 2013

ညောင်ရွှေမှာ လယ်သမား ၆ ဦး ထပ်မံတရားစွဲခံရ

0 comments

မေ ၁၁ ရက်

အင်းလေးဟိုတယ်ဇုံနဲ့ပတ်သက်ပြီးဒေသခံလယ်သမားတွေနဲ့ ဟိုတယ်ဇုံဆောက်လုပ်ရေးစီမံ ကိန်းတွေအကြား ပြေလည်မှုတွေမရှိရာကလယ်သမားတချို့ ပြီးခဲ့တဲ့လပိုင်းမှာ တရားစွဲခံရတာတွေ ရှိနေတယ်။ ပြီးခဲ့တဲ့ မေ ၇ရက်ကလည်း ညောင်ရွှေမြို့နယ်၊ ကန်ပဲ့ရွာက လယ်သမား ၆ ဦး တရားစွဲ ခံရပြန်တယ်လို့သိရပါတယ်။ ကန်ပဲ့ရွာကတောင်သူတွေဖြစ်တဲ့ ဦးစိုးလင်း၊ ဒေါ်စိန်ဥ၊ ဒေါ်ခင်ရွှေ၊ဒေါ်ခင်ဖြူဝင်း၊ ဒေါ်အုန်းမြိုင်၊ ဒေါ်နီလာညွန့် တို့ ၆ ဦးကိုညောင်ရွှေမြို့နယ်တရားသူကြီး ဒေါ်ဥမ္မာညွန့် ခုံရုံးမှာ ပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့တရားစွဲဆိုထားတာလို့ သိရပါတယ်။

“ကျွန်မတို့ရွာက အယောက် ၃၀ လောက်တရားရုံးကိုသွားကြတယ်၊ ဟိုတယ်ဇုံစီမံကိန်းတာ ၀န်ခံ ဦးစိုင်းနော်ခမ်းလွင်ကစွဲတာလို့သိရတယ်၊ ကျွန်မတို့ကသူ့ကိုမေးတယ်၊ ရဲက ပြည်သူ့ရဲလား၊ ဟိုတယ်ဇုံရဲလားလို့ဆိုတော့ ပြည်သူ့ရဲပါလို့ပြောတယ်၊ အခုဖြစ်တာကကျွန်မတို့မြေတွေကို စက်တွေ နဲ့ထိုးပစ်တော့ ကျွန်မတို့က တားတယ်၊ ပထမပိုင်း မတ်လ ၂၆ရက်နေ့က နန့်ပန်ရဲစခန်းက ဆင့်တယ်၊ ၃ ခေါက်ခေါ်တယ်၊ ဟိုတယ်ဇုံစခန်းမှာပဲအပြန်အလှန်ပြေလည်အောင်ညှိခဲ့ကြလို့ ပြီးသွားပြီမှတ်တာ၊ အခုလိုရုံးတင်တော့ အံ့သြသွားတယ်၊တရားသူကြီးက ဒီအမှုက အာမခံလို့ရတယ်၊ အာမခံမှာလား၊ ဘယ်သူတွေကိုအာမခံခိုင်းမလဲမေးတယ်၊ ကျွန်မတို့က ဘယ်သူမှမခံခိုင်းတော့ဘူး၊ ကိုယ့်ဘာသာ ရင်ဆိုင်မယ်လို့ ပြောတော့ အာမခံမရှိရင် ရဲလက်အပ်မယ်၊ စကားကိုကောင်းကောင်းပြော၊အော်မပြော နဲ့ ဆိုပြီးပြောတော့ ကျွန်မတို့လည်း ဘာပြောရမှန်းမသိဘူး၊ အာမမခံခိုင်းရင်လည်း ကိုယ်တိုင်ခံဝန် ကတိလုပ်ပြီး အခုပြန်လို့ရပြီဆိုတော့နောက်တစ်ပတ်ရုံးချိန်းယူပြီး ပြန်ခဲ့ကြတယ်၊ ခံဝန်ကတိမှာ နောက်ထပ်ဘာပြစ်မှုမှမကျူးလွန်ပါဘူး၊ ထွက်မပြေးပါဘူး၊ ရုံးချိန်းတိုင်း ၆ ယောက်စုံအောင် လာရ မယ်၊အကြောင်းပြချက်ပေးလို့ မရဘူး၊ ကျန်းမာရေးကြောင့် မလာနိုင်ရင် သက်ဆိုင်ရာရပ်ကွက်ဥက္ကဌ ထောက်ခံချက်ပါရမယ်ဆိုတဲ့ အချက်တွေ စုံနေတာပဲ၊ သူတို့လာမှ ကျွန်မတို့လည်းကိုယ့်ပစ္စည်းနဲ့ကိုယ် လူဆိုးဖြစ်ရတော့တယ်”လို့ တရားစွဲခံရသူ တောင်သူတစ်ဦးကမြန်မာဓိကကိုပြောပါတယ်။ နောက်ရုံး ချိန်းကို မေလ ၁၄ ရက်နေ့မှာ ချိန်းဆိုထားကြောင်းသိရပါတယ်။


ခင်သုတ(တောင်ကြီး)

မြန်မာဓိက

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here