Wednesday, May 15, 2013

တန့်ယန်းမြို့နယ်မှ ဒုက္ခသည်များကို SSPP က ဆန်အိတ် တစ်ထောင် ကူညီထောက်ပံ့

0 comments

မေလ ၁၅ ရက်

တန့်ယန်းမြို့နယ် အတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် က ဆန်အိတ်ပေါင်း တစ်ထောင် ကူညီထောက်ပံ့ ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီက တန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက်သို့ ဆန်အိတ်များ သွားရောက် လှူဒါန်းစဉ် (ဓာတ်ပုံ – တန့်ယန်းလူငယ်များ)
တန့်ယန်းမြို့ ပေါ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် ဆန်အိတ်ပေါင်း ၄၀၀၊ မိုင်းကောင်ဒေသဘက်မှ ရှိနေတဲ့ ဒုက္ခသည်တွေ အတွက် ၆၀၀ ကူညီထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းသို့ ကူညီထောက်ပံ့ခဲ့တဲ့ ဆန်အိတ်များကို မေလ ၁၂ ရက်နေ့တုန်းက ရှမ်းပြည်တိုးတက်ရေးပါတီက ဗိုလ်မှူးခေးမောဝ်နဲ့ အဖွဲ့က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီးတော့ မိုင်းကောင်ဒေသဘက် အတွက် ဆန်အိတ် ၆၀၀ ကိုလည်း မေလ ၁၃ ရက်နေ့တုန်းက ပေးပို့ခဲ့ပြီးပြီလို့ သိရပါတယ်။

တကယ်လို့ ဒုက္ခသည်တွေ နေရပ်ကို မပြန်နိုင်သေးဘူး ဆိုရင်လည်း ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ – လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ကော့လီကို ပြောပါတယ်။

တန့်ယန်းမြို့က ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးသူများကလည်း ဒုက္ခသည်များ နေထိုင်နိုင်ရန် အတွက် တန့်ယန်းမြို့ပြင် နေရာလွတ်များမှာ တဲတန်းလျားများ ဆောက်လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Kawli Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here