Friday, July 5, 2013

ရှမ်းပြည်တပ်မတော် RCSS/ SSA အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဥပဒေမဲ့လူဖမ်း၍ ပြန်ပေးဆွဲနေမှုများ ယနေ့အထိပြုလုပ်နေဆဲ

0 comments

ဇူလိုင်လ ၅ ရက်
 
 

ယခုနှစ် မေလအကုန်တွင် ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ၀မ်ဆင်းကျေးရွာတွင် နေထိုင်သော ရွာသူ/ ရွာသား ၃ ဦးအား ရှမ်းပြည်တောင်ပိုင်းတပ်မတော်မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မေလ ၂၈ ရက်နေ့မှာ ၀မ်ဆင်းကျေးရွာ၊ ရပ်ကွက်(၄)မှာနေတဲ့ ထော်လာဂျီမောင်းသူ ဦးကျော်စိုးမိုး၊ ၎င်း၏သား ကျောင်းနေ အရွယ်ကလေး(၁)ဦး၊ သစ်ခွပန်းရောင်းချသူ ဒေါ်ပါနော် တို့ (၃)ဦးသည် ၁၂၃၀ နာရီတွင် ၀မ်ဆင်းကျေးရွာမှ မိုင်းနောင်မြို့သို့ သစ်ခွပန်းရောင်းချရန် ထွက်သွားခဲ့ပါတယ်။ မေလ (၂၉) ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးနှင့် ၀မ်ဆင်းရွာသားများမှ လိုက်လံစုံစမ်း ကြည့်ရာ ဒေါ်ပါနော်တို့သည် လုံယမ်းရွာနှင့် နမ့်မောင်းရွာအကြား၌ ထော်လာဂျီပျက်၍ ရပ်နားပြီး ပြင်ဆင်နေစဉ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် အဖွဲ့မှ အင်အား (၁၀)ဦးရောက်ရှိလာပြီး ထော်လာဂျီပေါ်တွင် တင်ဆောင်လာသော ပစ္စည်းများကိုစစ်ဆေးရာ သစ်ခွပန်း များ တင်ဆောင်လာသည်ကိုတွေ့သဖြင့် ဒေါ်ပါနော်တို့ (၃)ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ရဲ့ နီးစပ်ရာတပ်များမှ အဆိုပါ (၃)ဦးအား ပြန်လည်လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ တာဝန်ရှိတဲ့သက်ဆိုင်ရာ လူကြီးတွေကလည်း ရှမ်းပြည်တောင်ပိုင်း တပ်မတော်မှ ဆက်ဆံရေးတာဝန်ခံများကို တွေ့ဆုံပြီး ဥပဒေမဲ့လုပ်ရပ်မလုပ်ရန် သတိပေးတာမြစ်တယ်လို့လည်း သိရ ပါတယ်။ ဒါပေမယ့်ရွာသား (၃)ဦးအား ၎င်းတို့အဖွဲ့မှ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးခဲ့ပြီး ငွေဖြင့် လာရောက်ရွေးယူမှသာ ပြန်လွှတ်ပေးမယ်လို့ ကျန်ရစ်တဲ့ ဆွေမျိုးတွေကို အကြောင်းကြားသဖြင့် ယခုလ ၁၉ ရက် နေ့က ငွေကျပ် (၄၅)သိန်းဖြင့် လိုက်လံရွေးမှသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းတပ်မတော်အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးယူ လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံတိုင်းရင်း သားများအား ဆက်ကြေးကောက်တာတွေ၊ အတင်အဓမ္မလူသစ်စုဆောင်းတာတွေ၊ ဓါးပြတိုက်တာတွေ၊ ပြန်ပေးဆွဲ တာတွေကို ဆက်လက်လုပ်ကိုင်နေမှုများကြောင်း ဒေသခံရွာသူ/ ရွာသားများမှာလည်း သွားလာနေထိုင်ရာ၌ သတိ ထားပြီး ကြောက်ရွံ့စွာနေထိုင်နေရကြောင်း သိရပါတယ်။ ဒေသအတွင်းက လူငယ် လူရွယ်တွေကတော့ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြတယ် လို့လည်း သိရပါတယ်။
 
 
စိုင်းအောင်မြင့်

စော်ဘွားလေး Facebook

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here