Friday, July 26, 2013

သျှမ်း/မြောက် နမ္မတူဘက်က အစိုးရနှင့် SSPP တိုက်ပွဲထပ်ဖြစ် ရွာသားများတိမ်းရှောင်နေရ

0 comments
ဇူလိုင်လ ၂၆ ရက်


ပြီးခဲ့သည့် အင်္ဂါနေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်း သျှမ်းပြည် တပ်မတော် နှင့်မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးရာ ထိုဒေသတဝိုက်မှဒေသခံများ တခြားသို့ထွက်ပြေး တိမ်းရှောင်ကြရကြောင်း စုံစမ်းသိရှိရပါသည်။

“ နမ္မတူမြို့နယ် မိုင်းယင်အုပ်စု ဝမ့်ကန်း ပလောင်ရွာအသွားလမ်း ခွဲမှာဖြစ် တာ။ တိုက်ပွဲက ညနေ ၅ နာရီ ကနေ ၅ နာရီခွဲလောက်အထိ နာရီဝက်လောက်ကြာ တယ်။ ဗမာစစ်သား ၂ ယောက်သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်။ သျှမ်းဘက်ကလဲ ဒဏ်ရာရတာရှိ တယ်။ သေတာတော့မကြားဘူး ” ဟု ဝမ့်ကန်း ရွာသား တဦးက သျှမ်းသံတော် ဆင့်အား ပြောပြသည်။

မြန်မာစစ်တပ်ဘက်မှ သီပေါအခြေစိုက် ခမရ ၅၀၄ နှင့် SSPP/SSA တို့ ဂျူလိုင်လ ၂၃ ရက်နေ့က တိုက် ပွဲဖြစ် ပွါးခြင်းဖြစ်ပြီး တိုက်ပွဲနောက်ပိုင်း အဆိုပါဒေသတဝိုက် သျှမ်းပြည်တပ်မတော်နောက် လိုက်လံ ရှာဖွေ ရှင်းလင်းမှု လုပ်နေသေးကြောင်း အဆိုပါ ဝမ့်ကန်းဒေသခံက ပြောပါသည်။

ထိုသို့ ရှင်းလင်းရေးလုပ်ရာတွင်လည်း တွေ့ရှိသည့်ဒေသခံများအား ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့် အတူ ခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် သျှမ်းစစ်တပ်သွားရာလမ်းကြောင်းကိုမေးမြန်းရာတွင်လည်း မသိနား မလည် ဟုဆပါက ရိုက်နှက်သဖြင့် ထိုဒေသရှိ ပလောင်ရွာ သျှမ်းရွာမှ ရွာသားများ တခြားဒေသသို့ ထွက်ပြေးမှုများ ရှိခဲ့ကြ ကြောင်း နမ္မတူဒေသခံများ ကပြောပါသည်။

“ အခုက လယ်ယာစိုက်ပျိုးချိန်လေ၊ သျှမ်းတပ်ကိုလည်း ကျနော်တို့ဘက်ကို လာမလှုပ်ရှားစေချင်တာအမှန်ဘဲ။ သူတို့လာလှုပ်ရှားရင် ဗမာစစ်တပ်က လာရှုပ်တယ်။ ဝမ်းရေးအတွက် ဒုက္ခရောက်တာပေါ့။ ဒီအချိန်အလုပ် မလုပ်ရင် နောက်နှစ် ငတ်ဖို့ဘဲရှိတယ်” ဟု ကလေး ၃ ယောက်၏ ဖခင် ဦးလုံးဆန်ကောက သျှမ်းသံတော်ဆင့်အား ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စား လှယ်တို့သည် တိုက်ပွဲများ ရပ် တန့်ရေး ပြဿနာများကိုငြိမ်းချမ်း စွာဖြေရှင်း နိုင်ရေးအတွက် ယခုလ ၁၃ ရက်နေ့က လားရှိုးမြို့ ရွှေလီရိပ်သာတိုင်းရုံးခန်းမ တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုစဉ်က ကာကွယ် ရေး ၀န်ကြီးဌာနမှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင် သန်းထွဋ်က ရင်ဆိုင် တိုက်ပွဲများဖြစ်ပွါးမှုမှာ ဖြစ်လေ့ ဖြစ်ထ ရှိသော ပြဿနာသာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here