Tuesday, August 13, 2013

မိုင်းပန်မြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများ ထော်လာဂျီတိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှု များဖြစ်ပွားခဲ့

0 comments

သြဂုတ်လ(၁၃)
Photo: မိုင်းပန်မြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများ ထော်လာဂျီတိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှု များဖြစ်ပွားခဲ့

13.8.2013

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့ ပြည်ထောင်စုလမ်းမကြီး ပြုပြင်ရေး တာဝန်ယူထားသော ပြည်သူ့ဆောက်လုပ်ရေး လမ်းအဖွဲ့ အထူး(၅)မှ အလုပ်သမားများသည် သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် လုပ်ငန်းခွင် ဆောင်ရွက်နေစဉ် ထော်လာဂျီယာဉ်တိမ်းမှောက်၍ူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းအဖွဲ့အထူး(၅)မှ တာဝန်ခံ ဦးထွန်းဝင်း အဖွဲ့သည် မိုင်းပန်-တာဆန်း လမ်းဆောင်ရွက်နေစဉ် ယာဉ်မောင်း စည်သူအောင် မောင်းနှင်သည့် ထော်လာဂျီယာဉ်ဖြင့် တာဆန်းမှ မိုင်းပန် ဘက်သို့ အလုပ်သမားများခေါ်ယူ၍ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၁၂/၂ အနီးတွင် ထော်လာဂျီ ဂျွိုင်းဆက် ပြုတ်ပြီး အနောက်ဘက်သို့ ပေ(၂၀)ခန့် လိမ့်ကျခဲ့ကြောင်းသိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ထွန်းထွန်း(မိုင်းပန်မြို့နေသူ)မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အောင်အောင်နှင့် မအိအိထွန်း တို့နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများအသီးသီး ရရှိသွားခဲ့ကြောင်း လမ်းလုပ်သားတစ်ဦးထံမှ သိရသည်။

ဒဏ်ရာရရှိသူများအား မိုင်းပန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှုပေးနေကြောင်းနှင့် ယာဉ်တိမ်း မှောက်မှုအား မိုင်းပန်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here