သြဂုတ်လ(၁၃)ရက်
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဆီးဂိမ်းစစ်တုရင် ကစားနည်းတွင် မြန်မာ့ ရိုးရာစစ်တုရင် ကစားနည်းမှချီးမြှင့်မည့် ရွှေတံဆိပ်ဆုများ အားလုံးအပြည့်ယူမည်ဖြစ်ကြောင်း မဇ္ဈိမသို့ ပြောကြားခဲ့သည်။
ဆီးဂိမ်းတွင် စစ်တုရင်အားကစားနည်းမှ ရွှေတံဆိပ် ၁၈ ခု ချီးမြှင့်မည်ဖြစ်ပြီး မြန်မာ့ရိုးရာစစ်တုရင်၊ အာဆီယံစစ်တုရင်၊ ပြောင်းရွှေ့စစ်တုရင်၊ ကျဘမ်းစစ်တုရင်နှင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ကစား နည်းများ ထည့်သွင်းကျင်းပမည် ဖြစ်သည်။
ဦးမောင်မောင်လွင်က “ရိုးရာစစ်တုရင်ကပေးမယ့် ရွှေ ခြောက်ခုရဖို့ များပါတယ်။ ရာနှုန်းပြည့်လို့ ပြောလို့ရပေမယ့် လျှော့တွက်လို့တော့ မဖြစ်ပါဘူး။ အာဆီယံ စစ်တုရင်ကနေ ရွှေငါးခုပေးမှာပါ။ အဲဒီကနေ ရွှေတံဆိပ်နှစ်ခု သုံးခုလောက်ယူမှာပါ။ပြောင်းရွှေ့စစ်တု ရင်ဆိုပြီး တစ်ခုထည့် ထားပါသေးတယ်။ ဒီကစားနည်းက ဆီးဂိမ်းမှာရော၊ နိုင်ငံတကာမှာပါ တစ်ခါမှ ထည့်သွင်းပြိုင်ခြင်းမျိုး မရှိသေးပါဘူး။ စင်ကာပူက ရွှေမှန်းထားတဲ့ လက်ရွေးစင်ကစားသမား နှစ် ယောက် ဆီးဂိမ်းအကြိုပြိုင်ပွဲမှာ လာကစားသွားတယ်။ ဒါပေမဲ့ သူတို့ ရွှေမရဘဲ ဒုတိယပဲ ရသွားခဲ့တယ်။ နောက်ထပ် ကျန်တာတွေကရွှေရရင် ကျွန်တော်တို့အတွက် ဘောနပ်စ်ပေါ့။ အဲဒီ ဘောနပ်စ်ကိုလည်း တော်တော်များများရဖို့ ကြိုးစားရမှာပါ” ဟု ပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ဆီးဂိမ်းအကြို စစ်တုရင်ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအသင်းသည် ရွှေ ၂၆ ၊ ငွေ ၁၄၊ ကြေး ၂၆ စုစုပေါင်းဆုတံဆိပ် ၅၁ ခု ရရှိပြီး နိုင်ငံအလိုက် ပထမနေရာ၌ ရပ်တည်ခဲ့ပြီး ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းတွင် ငွေတံဆိပ် တစ်ခုသာ ရရှိခဲ့သည်။
Mizzima News