Wednesday, August 14, 2013

မိုးကြိုးပစ်ရာမှ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား

0 comments
သြဂုတ်လ(၁၄)ရက်
Photo: မိုးကြိုးပစ်ရာမှ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား

14.8.2013

ပွာတိုလာခရုဇ်မြို့ရှိ Petroleos de Venezuela ရေနံချက် စက်ရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။

ဗင်နီဇွဲလား နိုင်ငံတွင် ဖြစ်ပွားသော ရေနံချက်စက်ရုံ မီးလောင်ကျွမ်းမှု စတင်ရသည့် အကြောင်းရင်းသည် မိုးကြိုးပစ်၍ဖြစ်ကြောင်း တာဝန်ရှိသူ များက အတည်ပြု ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က တောင်အမေရိ ကတိုက်ရှိ နိုင်ငံ၏ မြောက်ပိုင်းဒေသတွင် ရေနံချက်စက်ရုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ပွာတိုလာခရုဇ်မြို့ရှိ Petroleos de Venezuela ရေနံချက် စက်ရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။ မီးသတ်တပ်ဖွဲ့များ အနေဖြင့် နာရီပေါင်း အတန်ကြာအောင် ကြိုးစားပြီးမှ မီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အစိုးရပိုင် ရေနံကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ယခုကိစ္စသည် သဘာဝ ဘေးအန္တရာယ် တစ်ခုမှ အစပြုခြင်းဟု ရှင်းလင်းခဲ့သည်။ ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက စက်ရုံရဲ့ ရေနံလှောင် ကန်တွေထဲက တစ်ခုကို မိုးကြိုးပစ်ချလိုက်တာပါ။ အဲဒီကနေ ပေါက်ကွဲမှုဖြစ် ပြီး မြန်မြန်ဆန်ဆန် မီးကူးကုန်တာပါပဲဟု ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ အက်ဇ်ရူဘယ်လ် ချားဗက်ဇ်က ဒဏ်ရာရတဲ့သူ မရှိပါဘူး။ ဒါပေမဲ့ မီးလောင်မှု စတင်ကတည်းက စက်ရုံအနီးတဝိုက် မှာ နေထိုင်သူတွေကို ချက်ချင်းပဲ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်ဟု ဆိုသည်။

နိုင်ငံအတွင်းရှိ ရုပ်မြင်သံကြား ဌာနများက လိမ္မော်ရောင် မီးတောက်ကြီးများ ထိုးတက်နေသည့် စက်ရုံမြင်ကွင်းကို အဝေးမှ ရိုက်ကူး ပြသခဲ့သည်။ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက မီးလောင်မှုအပြီး ရှင်းလင်းမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် မိမိကြားတွင် အချိန်ပြည့်နီးပါး ဆက်သွယ်မှု ရှိနေကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ယခုမီးလောင်မှု ဖြစ်ပွားရာ ရေနံချက် စက်ရုံသည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းတွင် အဓိက အကျဆုံး မောင်းနှင်အား တစ်ခုလည်း ဖြစ်သည်။ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသူ (၁၀၀၀)ကျော် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here