Friday, August 16, 2013

တိုင်းရင်းသား မီဒီယာများ၏ အကြိမ် ၂၀ မြောက် အစည်းအဝေး ထိုင်းတွင်ပြုလုပ်

0 comments

သြဂုတ်လ(၁၆)ရက်
Photo: တိုင်းရင်းသား မီဒီယာများ၏ အကြိမ် ၂၀ မြောက် အစည်းအဝေး ထိုင်းတွင်ပြုလုပ်

16.8.2013 

တိုင်းရင်းသားသတင်းဌာန ၁၁ ခု စုစည်းထားသော နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (Burma News International-BNI) ၏ အကြိမ် ၂၀ မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၁၅ ရက်မှ စတင်ကျင်းပနေပြီ ဖြစ်သည်။

ထိုအစည်းအဝေးသည် သြဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသား သတင်းဌာန များ၏ ကိုယ်စားလှယ်များက သတင်းအရည်အသွေး မြှင့်တင်ရေးအတွက် မီဒီယာတစ်ခုချင်း စီအလိုက် အစီရင်ခံစာ များ တင်သွင်းကြမည် ဖြစ်သည်။

တိုင်းရင်းသားမီဒီယာများမှ သတင်းထောက်၊ စာတည်းမှူးနှင့် အခြား နိုင်ငံခြားသတင်းထောက်များ စုစုပေါင်း ၂၀ ဦး တက်ရောက်သည့် ယင်းအစည်းအဝေးတွင် လက်ရှိ အငြင်းပွားနေသည့် ပြန်ကြားရေးဝန် ကြီးဌာန၏ ပုံနှိပ်/ ထုတ်ဝေ ဥပဒေနှင့်ပတ်သက်၍လည်း ဆွေးနွေးရန်အစီအစဉ်ရှိသည်ဟု စုံစမ်းရရှိသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံ ကျင်းပစဉ်ကလည်း
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ထုတ်ဝေဥပဒေသည် တိုင်းရင်းမီဒီယာတို့၏ ရေဒီယို၊ ရုပ်သံလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို တနည်းတဖုံ ထိန်းချုပ်ရာရောက်သဖြင့် ယင်းဥပဒေကို ကန့်ကွက်ခဲ့ဖူးသည်။

လွန်ခဲ့သော ၁၀ နှစ်၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်းခဲ့သော BNI တွင် ကချင်၊ ကယား၊ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားသတင်းဌာန ၁၁ ခု ဖြစ်သော ကေအဲန်ဂျီ (KNG)၊ ကုလားတန်၊ ကန္တာရ၀တီ၊
ရွှေဟင်္သာ၊ KIC၊ ခိုနုမ်းထုန်၊ နိရဉ္စရာ၊ မဇ္ဈိမ၊ သတင်းမီဒီယာကွန်ရက် (NNG)၊သျှမ်းသံတော်ဆင့် စသည့် သတင်းဌာနများ ပါဝင်ကြသည်။

BNI သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ပြီး တခြား တိုင်းရင်းသား သတင်းဌာနများမှာ မြန်မာ၊ ထိုင်း၊ အိန်္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် အခြေစိုက်ကြသည်။ BNI သည် တိုင်းရင်းသားဒေသမှ သတင်းများနှင့် အဖြစ်အပျက်များကို ပြည်တွင်းတွင်သာမက နိုင်ငံတကာမှပါ သိရှိရန် ရည်ရွယ်ဖွဲ့စည်းထားသည့် မီဒီယာ အဖွဲ့အစည်းဖြစ်သည်။

ယခုကျင်းပနေသည့် ငါးရက်ကြာ အစည်းအဝေးအပြီးတွင်လည်း BNI က ကြေညာချက် တစ်စောင် ထုတ်ပြန်မည်
ဖြစ်သည်။

http://www.mizzimaburmese.com/news/regional/13271-2013-08-16-03-21-13.html

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here