Tuesday, September 17, 2013

တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ

0 comments

၇ခ/---- (နစ်ဆန်း အက်တလက်၊ အဖြူရောင် အပြာစင်း) ယာဉ်သည် စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီတွင် တရားမဝင် ကျွန်းသစ်ခွဲသားနှင့် ကျွန်းတံခါးများ သယ်ဆောင်လာကြောင်း သတင်းရရှိ၍ မှော်ဘီမြို့ သစ်တောဦးစီးအရာရှိ ဦးမြင့်ထွန်း ဦးဆောင်သောအဖွဲ့က ရွှေမြယာလမ်းဆုံတွင် တားဆီးစစ်ဆေးရာ ရပ်တန့်ခြင်းမရှိပဲ မှော်ဘီမြို့ဘက်သို့မောင်းနှင်သွားပြီး

မြောင်းတကာ စက်မှုဇုံဝင်ပေါက်မှ တိုက်ကြီးမြို့ဘက်သို့ ပြန်လှည့်မောင်းပြေးသဖြင့် တိုက်ကြီး သစ်တောဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားပြီး မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန ဖမ်းဆီးရေးအဖွဲ့က ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့သည်။ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် ဦးဆောင်သောအဖွဲ့က တိုးဂိတ်နှင့် တိုက်ကြီး - ဖောင်ကြီးလမ်းဆုံတွင် အဖွဲ့ နှစ်ဖွဲ့ဖြင့် စောင့်ဆိုင်းပိတ်ဆို့ခဲ့ရာ ကားမှာရပ်တန့်ခြင်းမရှိပဲ အရှိန်ပြင်းစွာဖြင့် တိုးဂိတ်ကတ္တားပေါ်မှ မောင်းနျင်သွားရာ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ် သစ်တောအဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ တိုက်ကြီးမြို့လယ် ကားဂိတ် (သဟာယကဖီး) ရှေ့ ရန်ကုန်- ပြည်လမ်း မိုင်တိုင်အမှတ် (၄၈/၅) ဖာလုံအနီး ညနေ ၆ နာရီတွင် ဖမ်းမိခဲ့သည်။ ပါလာသူနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ မှော်ဘီ၊ တိုက်ကြီး သစ်တောဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့ပြီး ရဲစခန်းသို့ အပ်နှံကြောင်း သိရသည်။ အဆိုပါ ယာဉ်ပေါ်တွင် ကျွန်းခွဲသား အချောင်း ၉၀ (၁ ဒသမ ၆၃၇၆ တန်)၊ ကျွန်းတံခါးရွက် ၁၂၄ ချပ် (၂ ဒသမ ၂၀၉၀ တန်) စုစုပေါင်း ၃ ဒသမ ၈၄၆၆ တန်နှင့်အတူ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ သစ်ပိုင်ရှင်မှာ ဦးတိုးနိုင် (၄၂)နှစ် ရွှေထည် (၁) ကွက်သစ် ပေါင်းတည်မြို့နှင့် ယာဉ်ပေါ်ပါ ဦးသိန်းဝင်း (၃၈) နှစ် မင်းကွက် (၃) ရပ်ကွက် ပေါင်းတည်မြို့မှ ဖြစ်ကြောင်းသိရသည်။ ယာဉ်ပေါ်ပါ ကျွန်းခွဲသားနှင့် ကျွန်းတံခါးရွက်များအား နဝင်းရပ်ကွက် ပြည်မြို့ရှိ ဂိုထောင်တစ်ခုမှ သယ်ဆောင်လာကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများနှင့် သယ်ဆောင်လာသူများအား သစ်တောဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ်က တိုက်ကြီးမြို့ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားရာ ရဲစခန်းက (ပ) ၂၆၆/ ၁၃၊ ပပက(၁) ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
ထွန်းလှိုင် (မြိုင်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here