Tuesday, September 17, 2013

ပြည်မြို့ နဝင်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်

0 comments


17.09.2013

ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ဧရာဝတြီမစ်ရေ မြင့်တက်လာမှုတို့ကြောင့် စက်တင်ဘာ ၁၅ ရက်က ပြည်မြို့နဝင်းရပ်ကွက် သကြားစက်လမ်း - မာလာကုန်း နှင့် ဘောဂနယ်မြေရှိ လမ်းမပေါ်နှင့် လူနေရပ်ကွက်အတွင်း မြစ်ရေများ တစ်ပေခန့် လျှံတက်ဝင်ရောက်လာသည်ကို တွေ့ရသည်။

အဆိုပါနေရာများသည် ဧရာဝတီမြစ်အတွင်စီးဝင်သည့် နဝင်းချောင်း ကမ်းဘေးတွင် တည်ရှိသည့် မြေနိမ့်ပိုင်းဖြစ်၍ မိုးတွင်းကာလတွင် နှစ်စဉ်မြစ်ရေများမြင့်တက်ဝင်ရောက်ခြင်းခံရသော နေရာဖြစ်ကြောင်းနှင့် နောက်သုံးရက်ခန့်အထိ ရေကျခြင်းမရှိဘဲ ဆက်လက်မြင့်တက်လာပါက ယင်းဒေသ၏စိုးရိမ်ရေမှတ်ကျော်လွန်ပြီးရပ်ကွက်အတွင်းသို့ မြစ်ရေသုံးပေခန့် မြင့်တက်လာနိုင်ကြောင်း အတွေ့အကြုံရှိ ဒေသခံများမှတစ်ဆင့် သိရသည်။ လက်ရှိ အခြေအနေတွင် နှစ်စဉ် ရေတက်နေကျဖြစ်သည့် အတွေ့အကြုံအရ ရပ်ကွက်နေ ပြည်သူများ၏ ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကြောင့် မြစ်ရေကြီးခြင်းကြောင့် လူနှင့်ပစ္စည်း၊ တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

(ပြန်/ဆက်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here