Monday, September 9, 2013

ယာဉ်မောင်းတတ်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုသိရှိနိုင်ရန် ယခင်ကထက် (၃)ဆ တိုးပြီး သင်တန်းသားဦးရေ လက်ခံ

0 comments
မန္တလေးမြို့အတွင်းတွင် ကား၊ ဆိုင်ကယ်များ ပိုမိုများပြားလာသောကြောင့် 
ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ပြီးယာဉ်မောင်းတတ် ပြီးသူများ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများပိုသိရှိနိုင်ရန် ယာဉ်မောင်းလိုင်စင်(က)
သင်တန်းကို သင်တန်းသားဦး ရေယခင်ကထက် (၃)ဆတိုးပြီးလက်ခံနေ
ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးသိန်းဦးက “ယခင်ကယာဉ်မောင်းလိုင်စင်
(က)သင်တန်းကိုတစ်ပတ်မှာသင်တန်းသားဦးရေ (၂၀၀)လက်ခံခဲ့ပေမယ့်
ပြီးခဲ့တဲ့သြဂုတ်လနောက်ဆုံးပတ်ကစပြီး သင်တန်းအပတ်စဉ်ကို (၂)ခု
တိုးမြှင့်ပြီးသင်တန်းတစ်ခုကို သင်တန်းသား(၃၀၀)လက်ခံမှာ ဖြစ်တဲ့အတွက်
ရက်သတ္တပတ်မှာသင်တန်းသား (၆၀၀)ကိုသင်တန်းပေးမှာဖြစ်တယ်”
ပြောပြခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယာဉ်မောင်း
(၆၂၀၀၀၀) ကျော်ရှိသည့်အနက်၊ (၅၄၀၀၀၀) ကမော်တော်ဆိုင်ကယ်ဖြစ်ပြီး
(၈၀)ရာခိုင်နှုန်း ယဉ်တိုက်မှုသည် မော်တော်ဆိုင်ကယ်ဖြစ်ပွားကြောင်
သိရသည်။ ယခုလိုသင်တန်းသားဦးရေတိုးပြီးလက်ခံခြင်းသည် ဌာန၏
ရည်ရွယ်ချက်ဖြစ်သော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရန်အတွက်
ဖြစ်ကြောင်း သတင်းရရှိသည်။


Skynet  TV

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here