Tuesday, September 17, 2013
မြန်မာ့လူမှုစီးပွား အခြေပြုစစ်တမ်း ကောက်၍ လက်မှု အနုပညာ ဖော်ထုတ်မည်
Categories :
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ အစဉ်အလာများကို နိုင်ငံတကာက ပိုမိုသိရှိစေရန် ရည်ရွယ်၍ မြန်မာ့လူမှုစီးပွား အခြေပြုစစ်တမ်း ကောက်ခံကာ ရိုးရာလက်မှု အနုပညာများ ဖော်ထုတ်မည် ဖြစ်ကြောင်း ယင်းအစီအစဉ် ပြုလုပ်သည့် Craft Myanmar အဖွဲ့မှ ဒါရိုက်တာ ဒေါ်ကြည်ကြည်စိမ်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာဆီယံ ဆွေးနွေးပွဲများ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းစသဖြင့် ကျင်းပပြုလုပ်ရမည်ဖြစ်ရာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်မှု များပြားလာမည့် အခွင့်အရေးကို အသုံးချလိုသဖြင့် ယခုအစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းစစ်တမ်း ကောက်ခံပြီးပါက အချက်အလက်များကို USB (Thumb Drive) များဖြင့် ထည့်သွင်း ဖြန့်ဝေမည် ဖြစ်ကြောင်း Craft Myanmar အဖွဲ့ထံမှ သိရသည်။
ယင်း Thumb Drive များကို တိုင်းရင်းသား လူမျိုးစုများ၏ အနုသုခုမ ယဉ်ကျေးမှုကို အခြေခံကာ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်တိုင် ပြုလုပ်စေမည်ဖြစ်ပြီး ကောက်ခံရရှိထားသော အချက်အလက်များ ထည့်သွင်းကာ နိုင်ငံတကာသို့ ရောင်းချမည် ဖြစ်ကြောင်း၊ အကျိုးအမြတ်ကို ဒေသတွင်း လူမှုအခြေပြု လုပ်ငန်းများတွင် ပြန်လည် သုံးစွဲမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
the voice
Subscribe to:
Post Comments (Atom)