Tuesday, September 17, 2013

အထပ်မြင့် ကားပါကင် များ ရန်ကုန်မြို့ တွင် တည်ဆောက် တော့ မည်

0 comments

ရန်ကုန်တိုင်း ဒေသ ကြီး တွင် အထပ် မြင့် ကား ပါကင်များ တည်ဆောက် မည့် လုပ်ငန်းရှင် များ နှင့် ဆွေးနွေး နေပြီ ဖြစ်ပြီး မကြာခင် တွင် တည်ဆောက် မည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေ သ ကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ၁၀ - ၉ - ၂၀၁၃ ရက်တွင် ပြောကြား သည်။ “အခု ဆိုရင် ရန်ကုန် မှာ ကားတွေက အရမ်းကို တိုးလာတယ်၊ တိုးလာတဲ့အပြင် ကားရပ်နားဖို့ ကား ပါကင် တွေ က လည်း မရှိ ဖြစ်နေ တယ်၊ ကား အရောင်း ပြခန်း တွေ က လည်း ပြည့်နေပြီ ဆိုတော့ ကားထား ဖို့ နေရာ က နည်းနေ တယ်၊ အခု လည်း ကားလမ်းတွေ ပေါ် မှာ ကားတွေ မရပ် ဖို့ အတွက် ကန့် သတ် နေရာတွေ သတ်မှတ် လိုက်ပါပြီ၊ ကျွန်တော် တို့ ဘက် ကလည်း ကားတွေ များ လာတဲ့ အ တွက် လမ်းတွေ ချဲ့ပြီး ကားရပ် ဖို့ နေရာ တွေ လုပ်ပေး နေပေ မယ့် လမ်းတွေ ပေါ်မှာ ပဲ ကားတွေ က ရပ်နေ ပါသေး တယ်၊ ဒါကို အခုထိ ကို မဖြေရှင်း နိုင်သေး ပါဘူး” ဟု ယင်းက ပြောကြား သည်။ 

လုပ်ငန်းရှင် များက အထပ်မြင့် ကားပါကင် ကို ဓာတ် လှေကား ဖြင့် လုပ်ဆောင် ရန် အဆိုပြု ကြပြီး တိုင်း ဒေသကြီး အစိုးရ က ဓာတ်လှေကား အစား ကွေ့ပတ် ပြီး တတ် သည့် လှေကား ပုံစံဖြင့်ေ ဆာက် လုပ် ရန် စီစဉ် နေကြောင်း သိရ သည်။ လက်ရှိ ရန်ကုန်မြို့ တွင် မော်တော်ကား အစီးရေ သုံးသိန်း ကျော် ရှိနေ ပြီး ယခင် က ရန်ကုန် တွင် ကား အစီး ရေ တစ်သိန်းခန့် သာ ရှိကြောင်း သိရ သည်။ ကွန်တိန်နာ ကားကြီး များ ကြောင့် လမ်းများ ပိတ်ဆို့ သည့် အတွက် လည်း ယာဉ် ရပ် နား နေ ရာ များကို သတ်မှတ် ပေးထားပြီး သွားလာ ချိန် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ သတ် မှတ် ပေး ထား ကြောင်း သိရှိရ ပါသည်။ 

ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here