မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့်အတူ ထိုတွေ့ဆုံပွဲ၌ မော်လမြိုင် ဆက် ဆံရေးရုံးတာဝန်ခံနိုင်ကြီးစန်း၊
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌသည် “မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ဒေသတွေမှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင် အဖွဲ့တွေ ဒေသအုပ်ချုပ်ရေးဝင်ရောက်စွက်ဖက်
မွန်ပြည်သစ်ပါတီ၏ ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်နယ်အစိုးရဘက်မှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုံးမြင့်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး အပါအ၀င်ကိုယ်စားလှယ်ခြောက်ဦးတိ
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်၌ မြိတ်ခရိုင်၌ မွန်ပြည်သစ်ပါတီ၏ လက်အောက်ခံတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မွန်ပြည်သစ်တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့သလို အစိုးရတပ်မှလည်း တစ်ဦးကျဆုံး ကာ လေးဦးဒဏ်ရာရရှိခဲ့ကြကြောင်း မွန်ပြည်သစ်ပါတီဘက်မှ ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုတိုက်ပွဲအပြီး၌ မွန်ပြည်သစ်တပ်ဖွဲ့ဝင် အသက် ၄၅ နှစ်အရွယ် နိုင်အရနှင့် ပြည်ကြီးမဏ္ဍိုင် ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီငယ်တို့ကို ပြည်သူ့စစ်များက လည်းကောင်း၊ အသက် ၃၅ နှစ်အရွယ် နိုင်ကရက်မွန်နှင့် ဇနီးသည် မိချိုတို့ကို အစိုးရစစ်တပ်မှလည်းကောင်း အသီးသီးဖမ်းဆီးသွားခဲ့ရာ ယနေ့ အချိန်အထိ ပြန်မလွှတ်သေးသဖြင့် မွန်ပြည်သစ်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်နှင့် ထိုကိစ္စကို ဆွေးနွေးခြင်း ဖြစ်သည်။
ထို့ပြင် ဒေသဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးမြို့မှ ဖလမ်း ချောင်းဝကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင်ကာ ကတ္တရာလမ်းခင်းရန်၊ ထိုသို့ မခင်းနိုင်မီတွင် လည်း ကျောက်ခင်းလမ်းဦးစွာ ခင်းထားရန်လည်း ဆွေးနွေးခဲ့ကြောင်း ဖွံဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းကပြောသည်။
ထိုလမ်းသည် ရေးမြို့နယ်အရှေ့ဘက်ရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ကို
ဟင်္သာနီ (မွန်မြေ)
မဇ္ဈိမ