Tuesday, September 17, 2013

များများ ဝေဖန်ပါစေ

0 comments


တစ်ခါက အရမ်းချမ်းသာတဲ့ သူဌေး တစ်ယောက် ရှိတယ်။ သူဟာ ပိုက်ဆံ ရှိရုံတင် မက စည်ကမ်း လည်း အရမ်းကြီး ပါတယ်။ သူဟာ သူ၏ အိမ်မှာ ဝန်ထမ်း တစ်ယောက် ခန့်ထား ခဲ့တယ်။ အဲဒီ ဝန် ထမ်း ကတော့ သူ၏ အမှားတွေ ကို ထောက်ပြ ဖို့ အတွက် ဖြစ်တယ်။

ပထမ ရက် မှာတော့ အမှား ဝေဖန်တဲ့ သူက အမှားတွေ အများကြီး ကို ထောက်ပြ နိုင်ခဲ့ တာပေါ့ ။ နောက် တစ်ရက်လည်း အဲလိုပဲ များစွာ သော အမှားတွေ ကို ထောက်ပြ နိုင်ခဲ့ တယ်။ သူဌေးကြီး ကလည်း အမှား တွေ ကို နည်းနည်း ချင်း စီ ပြင်တာပေါ့။

ဒီလိုနဲ့ ရက်ပေါင်း အတော်ကြာ တော့ သူ၏ ဝန်ထမ်း က အလုပ် ထွက် ဖို့ အတွက် လာရော က် ပြော ဆို ပါတော့ တယ်။ သူဌေး ကလည်း သင် ဘာကြောင့် အလုပ် ထွက်ချင် ပါသလဲ လို့ မေး တာ ပေါ့။ ဝန်ထမ်း က ကျွန်တော်မှာ သူဌေး ကို ထောက်ပြ စရာ အမှား မရှိတော့ လို့ပါ လို့ ပြန်ဖြေ လိုက်တယ်။

နိဂုံးချုပ် ဖြင့် ဆိုသော် မိမိ ဟာ အလုပ် ကိစ္စ တစ်ခုခု ကို လုပ်လျှင် မိမိ ၏ မှားကွက် တစ်နည်း လစ် ဟာ နေသော နေရာ ကို တစ်ပါး သူက မိမိ ထက် ပို၍ သိနိုင် ပါတယ်။ ဒါကြောင့် တစ်ပါးသူ ၏ ဝေ ဖန် အကြံပေးမှု ကို လက်ခံ ပါ။ သို့မှသာ အပြစ် ကင်းစင်ပြီး မှန်ကန်သော လမ်းကြောင်း ကို လျှော က် လှမ်း နိုင်ပါ လိမ့်မယ်။ 

ကျော်လင်းနိုင် ( ရိုးရာလေး )

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here