Saturday, September 21, 2013

အီရန်သမ္မတက ဆီးရီးယားအရေး ဆွေးနွေးပွဲစီစဉ်ရန် ကမ်းလှမ်း

0 comments


21.9.2013

အမေရိကန်နိုင်ငံက ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များအပေါ်တွင် ကုလသမဂ္ဂ၏ တရားဝင် တာဝန်ယူသည့် ဆုံးဖြတ်ချက်ကို တောင်းဆိုနေချိန်တွင် အီရန်သမ္မတရိုဟာနီသည် ဆီးရီးယားအစိုးရနှင့် အတိုက်အခံကြား ဆွေးနွေးပွဲစီစဉ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

အီရန်သမ္မတရိုဟာနီသည် သမ္မတအဖြစ်တာဝန်ယူပြီးချိန်မှစ၍ ၎င်း၏ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ်အတွင်း အီရန်သည် ဆီးရီးယားအစိုးရနှင့် အတိုက်အခံကြား ဆွေးနွေးပွဲကို အဆင်ချောစေရေး ကူညီရန် အသင့် ဖြစ်နေကြောင်း ကြေညာပြီး ၎င်းသည် အပြုသဘောဆောင်သည့် စေ့စပ်မှု မူဝါဒကို လက်ကိုင် ပြုချင်ကြောင်း ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားပါရှိသည်။
NBC ရုပ်သံနှင့်ပြုလုပ်သောအင်တာဗျူးတွင် ၎င်းက အမေရိကန်သမ္မတနှင့် ပထမဆုံး အကြိမ်သမိုင်း တွင်မည့် တွေ့ဆုံပွဲဖြစ်နိုင်မည်လားဟု မေးမြန်းသည်ကို “မည်သည့်ကိစ္စမဆိုဖြစ်နိုင်ကြောင်း” ပြောကြားသည်။

 ကုလသမဂ္ဂ၏ တိကျသော အစီရင်ခံစာတစ်စောင်က ဆီးရီးယားအစိုးရသည် သြဂုတ်လအတွင်း ဓာတု လက်နက် တိုက်ခိုက်မှု၏ နောက်ကွယ်တွင်ရှိကြောင်း သက်သေပြသခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

  “ခုချိန်မှာစမ်းသပ်မှုတွေလာနေပြီ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နောက်တစ်ပတ်အတွင်းမှာ အရေးယူဆောင်ရွက်ဖို့ပြင်ရမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းဟာလည်း ရပ်တည် ပြောဆိုရပါမယ် အဲဒါဟာ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

 ဆီးရီးယားဒုဝန်ကြီးက ဒမတ်စကတ်စ်အစိုးရအနေနှင့် ပဋိပက္ခသည် ဖြေရှင်းမရဘဲ တုံ့ဆိုင်းနေသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေပြီဟု ယုံကြည်နေကာ ၎င်းတို့သည် ဂျနီဗာတွင်သဘောတူခဲ့သည့် ကာလကြာရှည် နှောင့်နှေးနေခဲ့ပြီဖြစ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။

  “လက်နက်ကိုင်အတိုက်အခံနဲ့ အစိုးရတပ်ဟာ တဘက်နဲ့တဘက် အနိုင်မတိုက်နိုင်တဲ့ အခြေအနေမှာရှိပါတယ်” ဟု ဒမတ်စကတ်စ်က ဗြိတိန်ဂါးဒီးယန်း သတင်းစာသို့ပြောကြားသည်။
ဆီးရီးယားအစိုးရအနေနှင့် နှောင့်နှေးနေခဲ့သော ဂျနီဗာငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ဆွေးနွေးပွဲ အတွက် မည်သို့အဆိုပြုမည်ကို မေးမြန်းသောအခါ၎င်းက “နိုင်ငံရပ်ခြားနိုင်ငံများမှ စစ်ရေးဝင် ရောက်စွပ်ဖက်မှု ကို အဆုံးသတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းသော နိုင်ငံရေးလမ်းစဉ်တစ်ခု စတင်ရေး” တို့ကို တုံ့ပြန်ပြောဆိုသည်။

မြန်မာခေတ်



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here