Showing posts with label ရိုးရာဘာသာစကား. Show all posts
Showing posts with label ရိုးရာဘာသာစကား. Show all posts
Thursday, June 27, 2013

ကိုယ်ထူကိုယ်ထမူးယစ်ဆေးတိုက်ဖျက်ရန် သျှမ်း/တောင်လူငယ် ၅ မြို့နယ်တွေ့ဆုံ

0 comments

ဇွန်လ ၂၇ ရက်

သျှမ်းပြည်တောင်ပိုင်း၌ မူးယစ်ဆေးဝါးအန္တရာယ်စိန်ခေါ်မှုအတွင်း အလယ်တန်းကျောင်းသားလူငယ်များပါ ကျရောက် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ဒေသတွင်းရဲရင့်လူငယ်များမှ ကိုယ်ထူကိုယ်ထ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင် သွားမည်ဟု ယမန်နေ့က ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က တွေ့ဆုံဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။ 

၎င်းနှင့်ပတ်သက်၍ မိုးနဲမြို့နယ် ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းမောင်ကြီးက “ ကျနော်တို့ သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်မှာ မူးယစ်ဆေးဝါးများဖြစ်ကြတဲ့ ယာဘနဲ့ အိုက်စ် အန္တရာယ်ဟာ တော်တော်ကို ရင်ဆိုင်နေရပါ တယ်။ ပေါများလွန်းလို့ အလယ်တန်းကျောင်းသား တွေရဲ့အသိုင်းအဝိုင်းထဲကိုပါဝင်ရောက်လာပါပြီ။ အခုဆိုရင် ကျောင်း သား ၆၀ ရာခိုင်နှုန်းလောက် ဒီဆေးတွေကြောင့် ပျက်စီးနေပါပြီ။ ဒါကြောင့် မနေ့က ကျနော်တို့အခမ်းအနား တရပ်ကျင်း ပပြီး တော့ မိုးနဲ ကျိုင်းတောင်း မိုင်းပန် လင်းခေး မောက်မယ် ၅ မြို့နယ်က လူငယ်ထု ၆၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။ “ တခြားတပါးသူထံမှ မျှော်လင့်ချက်မထားဘဲ မူးယစ် ဆေးဝါးကို မိမိကိုယ်တိုင်ကစပြီး တိုက်ဖျက်မယ်” ဆိုတဲ့ အချက်ကို သဘောတူခဲ့ကြပြီး စတင် အကောင်အထည်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ ရယ်လို့တော့ မဖွဲ့ရသေးပါဘူး။ အခုမှ စတင်တာဘဲ ရှိပါသေးတယ်။ ဆက်လက် တွေ့ဆုံဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားဖို့လည်းရည်ရွယ်ပါတယ် ” ဟု သျှမ်းသံတော်ဆင့် အား ပြောပြပါ သည်။ 

မိမိကိုယ်တိုင်မှစ၍ မူးယစ်ဆေးမှကင်းကွာအောင် ကျင့်သုံးနေထိုင်ရန်၊ မိမိ မောင်နှမသားချင်း မိဘဆွေမျိုးများအား မူးယစ် ဆေးနှင့်ကင်းကွာအောင်နေထိုင်ရန်အတွက် အသိပေး တိုက်တွန်းရန်ဟူသည့် အချက် ၂ ချက်ကိုအခြေခံ၍ စတင်တိုက် ဖျက်သွားမည်ဟုဆိုပါသည်။ 

“ ရောင်းဝယ်ဖောက်ကားမှုမပြုရန်ဆိုတဲ့အဆင့်အထိတော့ မရောက်သေးပါဘူး။ မသုံးစွဲဖို့ဆိုတဲ့ ဒီအချက် ၂ ချက်နဲ့ဘဲ စပြီး တိုက်ဖျက်မှာဖြစ်ပါတယ်။ ဘာလို့လဲဆို လူတိုင်းကသိနေတယ် မူးယစ်ဆေးရောင်းဝယ်တာ ဘယ်သူတွေလဲဆိုတာ။ ဆိုတော့ အခုအချိန်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျနော်တို့နဲ့လွန်စွာမှ နီးကပ်တဲ့နေရာကိုရောက်နေပါပြီ။ တောမီးဟာ သစ်ပင် ကြီး ငယ်မရွေး အမျိုးအစားမရွေး လောင်ကျွမ်း ပျက်စီးစေနိုင်သလို ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲကိုဝင်လာတဲ့ မူးယစ် ဆေးတွေဟာလဲ အဲလိုပါဘဲ။ ခလေး လူကြီးမရွေး၊ လူမျိုးဘာသာမရွေး ဖျက်ဆီးနေပါတယ်။ တောမီးလောင်ရင် သဘာဝ ပျက်စီးတယ် ရာသီဥတုဖောက်ပြန်တယ်ဆိုတဲ့ ဒဏ်တွေ နောက်ဆက်တွဲခံလာရသလို ကျနော်တို့ လူမှုအသိုင်း အဝိုင်းထဲကို မူးယစ်ဆေးက ဝင်ရောက်အခြေချလိုက်ရင် ကျနော်တို့ အမျိုးသုဉ်းနိုင်တဲ့အထိ လူသားမျိုးသုဉ်းနိုင်တဲ့အထိ အန္တရာယ်ရှိ နေတယ်ဆိုတာ သျှမ်းပြည်သားတွေသာမက လူတိုင်းကိုသိစေချင်ပါတယ်။ သိပြီးရင် အချိန်ဆွဲ စောင့် ဆိုင်းနေစရာ မလို ပါဘူး။ ကိုယ်ကိုယ်တိုင်ကစပြီး တိုက်ဖျက်သွားစေချင်ပါတယ်။ နီးစပ်ရာ လက်လှမ်းမီရာကိုလည်း အသိပေး ဟောပြောပေးဖို့ မူးယစ်နွံနစ်နေသူတွေကိုဆွဲထူပေးဖို့ တတ်နိုင်သလောက် ဆက်ဆက်ပြီးလုပ်သွားစေချင်ပါတယ် ” ဟုလည်း ပြည်နယ် လွှတ်တော်အမတ်က အကျယ်တဝင့် ရှင်းပြခဲ့ပါသည်။ 

ယမန်နေ့ ဂျွန်လ ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က ဒေသတွင်းလူထုမှစုပေါင်း၍ “မူးယစ်ဆေး ဝါး အန္တရာယ် ပညာပေးဟောပြောပွဲ” အခမ်းအနားတရပ်ကို မိုးနဲမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ရပ်မိရပ်ဖများနှင့် ကျားဖြူ ပါတီမှ လွှတ်တော်အမတ်များက မိမိတို့နှင့် နီးကပ်စွာရှိနေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကိုယ်ထူကိုယ်ထ စတင် တိုက်ဖျက်သွားဖို့ ဟောပြောတိုက်တွန်း ခဲ့သည်ဟုလည်း ဆိုပါသည်။ 

အခမ်းအနားကို လင်းခေးခရိုင် မိုးနဲမြို့နယ် လွယ်ချို အုပ်စု ဝမ့်ဖွီးလဲမ်ရွာတွင်ကျင်းပ ပြီး တက်ရောက်သည့် ပရိသတ် ၆၂၄ ယောက်ရှိကြောင်း၊ မိုးနဲမြို့နယ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းကျော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပေးကြောင်း၊ ၅ မြို့နယ်မှ လူငယ်များတွေ့ဆုံပွဲအစီအစဉ်အပါဝင် အစီ အစဉ် ၁၁ ခုဖြင့် အခမ်းအနားကျင်းပပြီး ပရိသတ်များ အား ထမင်း ထုတ် ဟင်းထုတ်များဝေငှပေးကာ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း၊ ညပိုင်းတွင်မူ တေးဂီတ ဖျော်ဖြေ ပွဲရှိကြောင်း စိုင်းမောင်ကြီး၏ပြောပြချက် အရသိရပါသည်။

Panglong(Burmese)
Read more...
Friday, June 21, 2013

သျှမ်းတို့ ရိုးရာ

0 comments

ဇွန်လ ၂၁ ရက်
 
 
ဧရာဝတီမြစ်ကို သျှမ်းတို့က နမ့်ကျိုဟူခေါ်သည်။ ချင်းတွင်းမြစ်ကိုတော့ သျှမ်းတို့က နမ့်တာလုံး ဟုခေါ် ဆိုသည်။ ယင်း နမ့်ကျိုနှင့် နမ့်တာလုံး တလျှောက်နှင့် မြေလတ်တွင်နေထိုင်ကြသော သျှမ်းလူမျိုး အုပ်စုကြီး ကိုတိုင်းလျှဲန် သို့မဟုတ် သျှမ်းနီလူမျိုးအုပ်စုဟုခေါ်သည်။

သျှမ်းတို့ဆင်းတက်လာပုံ

မွန်ဂိုလွိုက် အနွယ်ဖြစ်သော တိုင်း(ခေါ်) သျှမ်းမျိုးနွယ်စုကြီးသည် အာရှတိုက်အနောက် အလယ်ပိုင်းတွင် ပေါက်ဖွားပြီး BC- ၁၁ မှ ၂၂ , ၂၂၂ ထိ ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချနေ ထိုင်ခဲ့ကြသည်။ ထိုမှ အာရှတိုက် အရှေ့တောင်ဒေသအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။တရုတ်တို့၏ (TS’U) ဇူလက်နက် နိုင်ငံတော်နှင့် (TS’-in) ဇင်ခေတ်လောက် ကပင် တရုတ်ပြည် အနှံ့အပြား၌ တိုင်း (ခေါ်) ရှမ်းမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီးဖြစ်သည်။

ထိုခေတ်က ဇူတို့ပြောဆိုသော ဘာသာစကားသည် တိုင်း (ခေါ်) သျှမ်းတို့၏ ပြောဆိုသော ဘာသာစကား နှင့် အတူတူပင်ဖြစ်ခဲ့သည်။ခရစ်မပေါ်မီကာလကပင် တရုတ်နှင့် တိုင်း(ခေါ်) သျှမ်းတို့သည် တန်ခိုး အာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့် ပြီးဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် တိုင်း(ခေါ်) သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့၊ ပါ၊ လန့်၊ နန်ချောင်၊ မိုင်းမော၊ စယ်လန့်၊ ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံထဲကိုတော့ ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

Photo- Tai Community Online
Story-.shannilay.com

Hsipaw Generation. (သီပေါသား/သူများ)
Read more...
Thursday, June 20, 2013

ရှမ်း" နှင့် "တိုင်း" ဝေါဟာရရှင်းလင်းချက်

0 comments
ဇွန်လ ၂၀ ရက်

"ရှမ်း"ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို"တိုင်း" (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။

ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။“ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

မြန်မာအဘိဓာန်တွင် “ရှမ်း” ကို ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကားတမျိုးကို ပြောဆိုသော မြန်မာတိုင်းရင်းသားတစ်မျိုး ဟု ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

သျှမ်း (သို့) ရှမ်း ဟူသောအဓိပ္ပာယ်ကိုအဆင့်ဆင့် ပြောင်းလဲလာသော စကားလုံး အနက်အဓိပ္ပာယ်များ အရ -

-အရှင်သခင်အဖြစ်ဖြင့် အစိုးရတတ်ခြင်း၊
-ရွှေအဆင်းနှင့်တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊
-မညီညာသော တောင်ကုန်းတောင်တန်းဒေသတို့ တွင်နေထိုင်ခြင်း၊
-ကုန်သွယ်မှုကိုပြုတတ်ခြင်း၊
-တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်း “သာမသတ္တိ” ရှိခြင်းဟူ၍ အဓိပ္ပာယ်ရသည်။

“တိုင်း”ဝေါဟာရရှင်းလင်းချက်

“တိုင်း”ဟူသော ဝေါဟာရသည် ကမ္ဘာပေါ်တွင်ရှိသော ရှမ်းလူမျိုးများက မိမိကိုယ်ကိုမိမိ ပြန်လည်၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။ သို့သော်ရှမ်းလူမျိုးများသည် မိမိကိုယ်မိမိ “တိုင်း” ဟုခေါ်ဝေါ်ခဲကြသည်မှာ မည်သည့်ခေတ် မည်သည့်ကာလတွင် စတင်ခေါ်ဝေါ်ကြသည်ကို တိတိကျကျ မသိရှိရပေ။ အချို့သော သမိုင်းပညာရှင်များကမူ “တိုင်း” ခေါ်ရှမ်းလူမျိုးများသည် အန်တိုင်းတောင် (Altai mountain) မှဆင်းသက်လာသဖြင့် “တိုင်း” ဟုခေါ်တွင်လာကြောင်း။ တရုတ်လူမျိုးတို့သည် ရှမ်းကို “တာ့၊ တိုက်၊ တိုင် ၊ဒွေလ်” ဟုခေါ်ကြသည်။အချိုကမူ လွန်ခဲသော နှစ်ပေါင်း ၆၀၀၀ ကျော် (ဘီစီ-၄၀၀၀)ခန့်တွင် ရှမ်းလူမျိုးတို့သည် အီရတ်နိုင်ငံအတွင်းရှိ တိုင်းဂရစ် Tigris မြစ်ဝှမ်းတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာသဖြင့် “တိုင်း” ဟုခေါ်ကြောင်းလည်း ယူဆကြသည်။

အချိုသော သမိုင်းပညာရှင်များ၏ ယူဆချက်အရ “တိုင်း” ခေါ် “ရှမ်း” လူမျိုးများသည် တရုတ်လူမျိုးတို့ထက်စော၍ မြိုပြတိုင်းနိုင်ငံကို တည်ထောင်ခဲ့သဖြင့် တရုတ်လူမျိုးများက ရှမ်းလူမျိုးများကို “တာ့ကော-အစ်ကို” ဟုခေါ်ကြသည်။ ထို့ကြောင့် “တိုင်း” ဟူသော ဝေါဟာရသည် တရုတ်စကား “တာ့” (ကြီးသည်) ဟူသောတရုတ်စကားလုံးမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။

ကျေးကျွန်ပိုင်ခေတ်တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဖမ်းဆီး၍ ကျေးကျွန်ပြုစေခြင်း၊ စစ်သုံ့ပန်းများကို ကျေးကျွန်ပြုခြင်းများ ပြုလုပ်လာကြသည်။ မျက်မှောက်ခေတ်သို့ ရောက်လာသောအခါ “တိုင်း” ဝေါဟာရကို “ကြီးမြတ်ခြင်း၊ အရှင်သခင်၊ လွတ်လပ်သူ=Freeman” ဟုအဓိပ္ပါယ် ဖွင့်ဆိုလာကြသည်။ ထိုင်း၊ လော၊ ယွန်း၊ လူး၊ ဂုံနှင့် လျန်း(မ်) တို့၏စကားတွင် “ခါ-စဝ် = ကျွန်သခင်” အစား “ခါ-တိုင်း” ဟု ယခုတိုင်အောင် သုံးနှုန်းထားသည်ကို တွေ့ရသည်။

သာသနာသက္ကရာဇ် ၂၅၃၀ ထုတ် ထိုင်းအဘိဓာန်တွင် “တိုင်း”ကို “ကြီးမြတ်သူ၊ ရှမ်း Siam နိုင်ငံတော်၏ ရှေးဟောင်းမြို့အမည်၊ ကိုယ်စိတ်နှစ်ပါး လွတ်လပ်ခြင်း၊ ကျွန်မဟုတ်ခြင်း” ဟုဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ဆိုသော် “တိုင်း” သောဝေါဟာရသည် တရုတ်စကား၊ အင်္ဂလိပ်စကား၊ ပါဠိစကား မဟုတ်ပေ။ စင်စစ် ရှေးခေတ် ရှမ်းလူမျိုးတို့၏ စကားပင်ဖြစ်သည်။

Mokkham Sai

Read more...
Thursday, April 11, 2013

တကယ်ရှိခဲ့ကြောင်း သက်သေပြခြင်း

0 comments
ဧပြီ(၁၁)

တကယ်ရှိခဲ့ကြောင်း သက်သေပြခြင်း
လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ
မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် .........................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ
နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )
နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသာ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။

Myanmar Forward
Read more...
Friday, January 18, 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

0 comments


 
ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

ပြည်တော်မြင့် ~

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဘို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော် ယမန်နေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ကစပြီး မြန်မာစာနဲ့ ကရင်စာကို စတင်သင်ကြားဘို့ အတွက် မဲဆောက် ရဲစခန်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ 



ယမန်နေ့ကစပြီး ရက်သတ္တ တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမှာဖြစ်ပြီး သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။ 

မြန်မာစာ၊ ကရင်စာ သင်ယူကြမယ့် ထိုင်းရဲများ

ဒီအစီအစဉ်ကို ကမကထပြုတာက အာစီယံ စီးပွားရေးကော်မတီ AEC ဖြစ်ပြီး မြန်မာနိုင်ငံ မြ၀တီက ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားပေးမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ 

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကိုပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေ မှာ
ဖြစ်တယ်လို့ တာ့ခ်ခရိုင်က ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက် 
တွေ ကိုပြောဆိုပါတယ်။ 

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက်သင်ကြားကြ မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာကိုတော့ နိုင်ငံခြားကဆရာတွေလာရောက်သင်ကြားပေးဘို့ရှိပြီး အဓိက မြန်မာနဲ့ ကရင်ဘာသာကိုသင်ကြားကြမှာဖြစ်ပါတယ်။ 


မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်း အားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမိုအဆင်ပြေနိုင်မယ်လို့ သုံးသပ်ပြောဆိုကြသည်။ 


မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပြီး မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။
The Irrawaddy's Blog
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here