"မနေ့ညတုန်းက (တနင်္လာနေ့ ည)တောင်ပေါ်က ရေကျလာပြီး ကားလမ်းပိတ်သွားတာ။မူဆယ်ဘက်အခြမ်း
မှာတော့ ကားအစီး ၁၀၀ လောက်ပိတ်ဆို့နေတယ်"ဟု လားရှိုးမြို့ခံ ဒေါက်တာလင်းထွဋ်ကပြောသည်။
ထို့အပြင် သီပေါ-လားရှိုး ရထားလမ်းမှာလည်း မန်းပွဲဘူတာအနီးတွင် ရေကျော်ကာ လမ်းပျက်စီးသွားသဖြင့် သြဂုတ် ၁၉ ရက်မှစ၍ ရထားများသွားလာ၍ မရတော့ကြောင်း ဒေါက်တာလင်းထွဋ်ကဆိုသည်။
ထို့ကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး ယနေ့ နေ့လယ်တွင် ရေကျသွားမည်ဟု ခန့်မှန်းနေကြသော် လည်း နံနက်ပိုင်းအထိ မိုးများဆက်လက်ရွာသွန်းနေသေးကြောင်း သတင်းရရှိသည်။
သတင်း
7Day News Journal