Wednesday, October 9, 2013

အပစ်အခတ်ရပ်စဲရေး သည် နိုင်ငံရေးဆွေးနွေးပွဲများ၏ လမ်းစဖြစ်

0 comments
9.10.2013

အ ပစ်အခတ်ရပ်စဲခြင်းသည် တိုင်းရင်း သား များ အမှန်တကယ်လိုချင် သည့် နိုင်ငံရေးဆွေးနွေးပွဲများ၏ လမ်းစဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး အောင်မင်းက ကေအိုင်အို၊ ကေ အိုင်အေခေါင်းဆောင်များအား ပြောကြားသည်။

မြစ်ကြီးနားမြို့ မဂျွယ်ခန်း မ၌ အောက်တိုဘာ၈ရက်တွင် အစိုးရနှင့် ကေအိုင်အို၊ ကေအိုင် အေ နှစ်ဖက်ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွင့် နှုတ်ဆက်စကားပြောကြားရာ တွင် ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်များအား တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက ''ဘာလို့ ဒီ လို အပစ်အခတ်ရပ်စဲရေးတွေ လုပ်လဲ။ ဘာလို့ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးတွေလုပ်လဲ ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတွေ လုပ်နိုင်အောင်အတွက် ဒါဟာ လမ်းဖွင့်ပေးတဲ့ လမ်းစပဲ ဆိုတာ ပြောချင် ပါတယ်''ဟု ပြောသည်။

ဦးအောင်မင်းက ဆက်လက် ၍ အစိုးရမှ နိုင်ငံရေးဆွေးနွေးပွဲ များပြုလုပ်ပေးမည်ဟု တိုင်းရင်း သားများအား ကတိပြုခဲ့ပြီးဖြစ် ကြောင်း နိုင်ငံတော်သမ္မတ၏လူ ထုသို့ ပြောကြားသည့်မိန့်ခွန်းများ တွင်လည်း ထည့်သွင်းပြောကြား ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

အစိုးရနှင့်ကေအိုင်အိုတို့ အလွတ်သဘောတွေ့ဆုံမှုလေး ကြိမ်အပါအဝင်ဆွေးနွေးပွဲ ကိုး ကြိမ်တွေ့ဆုံခဲ့သော်လည်း အပစ် အခတ်ရပ်စဲရန် သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေးဆို ရာတွင် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် သာသက်ဆိုင်ပြီး အဖွဲ့အစည်း ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး မျိုးဖြစ်မည်မဟုတ်ကြောင်း၊ လူ တိုင်းပါဝင်နိုင်မည့် ငြိမ်းချမ်းရေး ဖြစ်စဉ် များဖြစ်စေချင်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် သတင်းမီ ဒီယာများအား ပြောသည်။

ကေအိုင်အေဒုတိယစစ်ဦးစီး ချုပ်ဗိုလ်ချုပ်ဂွမ်မော်က ''ကျွန် တော်တို့ ချုပ်ဆို မယ့် သဘောတူ စာချုပ်တွေမှာ အပစ်အခတ်ရပ် စဲရေးလို့ပြောတာထက် အားလုံး ပါဝင်နိုင်တဲ့ သဘောတူညီချက် မျိုးကို ဖြစ်စေချင်တယ်''ဟုပြော သည်။

အစိုးရနှင့် ကေအိုင်အိုငြိမ်း ချမ်းရေးဆွေးနွေးပွဲ စတင်သည့် အောက်တိုဘာ ၈ရက်တွင် အကျဉ်း သား၅၆ဦးအား လွတ်ငြိမ်းချမ်း သာခွင့်ပြုခဲ့ပြီး ယင်းအကျဉ်း သား များထဲတွင် ကချင်လူမျိုးအကျဉ်း သား ၁၈ဦးပါဝင်ကြောင်း သိရ သည်။

ယခုတစ်ကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁ဝဖွဲ့နှင့် နိုင်ငံ ရေးပါတီများ၊ မြစ်ကြီးနားမြို့မှ မြို့မိမြို့ဖများနှင့် ကုလသမဂ္ဂအ ထူးအကြံပေးကိုယ်စားလှယ် ဗီ ဂျေနမ်ဘီးယားနှင့် တရုတ်နိုင်ငံ မှ ကိုယ်စားလှယ်များလေ့လာသူ အဖြစ် တက်ရောက်ကြကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here