အ.ထ.က-တာချီလိတ် စာကြည့်တိုက်ခန်းမတွင် တာချီလိတ်မြို့နယ်ပညာရေးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၁၇.၈.၁၂ နံနက် (၉း၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးအား ခေတ္တမြို့နယ်ပညာရေးမှူး အ.ထ.က-တာချီလိတ် ကျောင်းအုပ်ကြီးဦးစိန်ထွန်းလှနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ ပညာရေးနယ်မြေမှူး၊ အုပ်စုမှူး အထက်တန်း/ အလယ်တန်း/မူလွန် ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်နယ်အဆင့် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ကျောင်းသားများ သွားရောက်ယှဉ်ပြိုင်ရေး အပါအ၀င် ပညာရေးဆိုင်ရာ လုပ်ငန်းများအား ညှိနှိုင်း ဆွေးနွေး
ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ