Thursday, August 23, 2012

တွမ်ခရုစ်နှင့် ကေတီဟုမ်းလ်တို့ ကွားရှင်းပြတ်စဲမှု တရားဝင်ပြီးပြတ်

0 comments
တွမ်ခရုစ်နှင့် ကေတီဟုမ်းလ်တို့၏ ကွာရှင်းပြတ်စဲမှု ကိစ္စအားလုံး ယခုအခါ တရားဝင် ပြီးပြတ်သွားပြီဟု သိရှိရသည်။ ဟောလီးဝုဒ် မင်းသမီး ကေတီက ကွာရှင်းခွင့်လျှောက်လွှာ တင်ခဲ့သည့်နောက် အစပြုခဲ့သော လမ်းခွဲခန်းသည် ယခုသီတင်းပတ်တွင် နယူးယော့ခ် တရားသူကြီး တစ်ဦးက လက်မှတ်ရေးထိုး အတည်ပြုပြီးနောက် တရားဝင် ပြီးမြောက်သွားခြင်း ဖြစ်သည်။

E! Newsက ယခုအခါ နှစ်ဖက်စလုံးသည် နောက်ဆုံးလိုအပ်သည့် တရားရေး ပေးသွင်းမှုများ အားလုံးကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကေတီသည် ဇွန်လက ခရုစ်အား ကွာရှင်း လိုကြောင်း ဦးတိုက် လျှောက်ထားမှု ပြုလုပ်ခဲ့သည်။ အသက်(၃၃)နှစ်ရှိ မင်းသမီးက သူမနှင့် ခရုစ်တို့ကြား ညှိနှိုင်း၍ မရနိုင်သည့် ကွဲလွဲချက်များ ရှိနေခြင်းကြောင့် ကွာရှင်းလိုခြင်းဖြစ်ကြောင်း တရားသူကြီးအား အသိပေးခဲ့သည်။

ကေတီနှင့် ခရုစ်တို့သည် အသက်(၆)နှစ်အရွယ် သမီးလေး ဆူရီအတွက် အုပ်ထိန်းခွင့်ဆိုင်ရာ သဘောတူညီမှုကိုလည်း ရရှိထားပြီးဖြစ်သည်။ ၎င်းတို့နှစ်ဦးပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ (၂၇၅)သန်းမျှ ရှိနေပြီး ယင်းကို မည်သို့မည်ပုံ ခွဲဝေမည်ကို မသိရသေးချေ။ သို့သော်လည်း ကေတီသည် (၆)နှစ်အတွင်း ခရုစ်နှင့် ကွာရှင်းခဲ့ခြင်းကြောင့် ဒေါ်လာ (၁၅)သန်းနှင့် အိမ်တစ်လုံးအပြင် သမီးဖြစ်သူ ဆူရီ၏ အုပ်ထိန်းခွင့်ကို ရရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here