ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) အမှုဆောင်သစ်ရွေးချယ်ပွဲအတွက် မဟာဂီတ၊ကာလပေါ်၊ စတီရီယို ၊ခေတ်သစ်ဂီတ၊ ထုတ်လုပ်ဖြန့်ချိ နှင့် အသံဖမ်းစက်မှုအလွှာ အသီးသီးမှ ၁၃၇ဦးမှ အဆိုပြုလွှာများ တင်သွင်း ခဲ့ပြီး ယင်းတို့အနက် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့်ရှိသူများအဖြစ် မဟာဂီတအလွှာ ဆို၊ တီး ၁၈ ဦး၊ ကာလပေါ်အလွှာမှ ရေး၊ဆို၊တီး ၂ ၈ဦး၊ စတီရီယို အလွှာမှ ရေး၊ဆို၊တီး ၂၉ဦး၊ ခေတ်သစ်ဂီတအလွှာမှ ရေး၊ ဆို၊တီး ၁၅ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာ မှ ၁၁ဦးနှင့် အသံဖမ်းစက်မှုအလွှာမှ ၇ ဦး စုစုပေါင်း ၁၀၈ ဦးတို့ကို ရွေး ကောက်ပွဲကြီးကြပ်ကော်မရှင်က စိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့အနက်မှ အလွှာတစ်လွှာမှ ရေး၊ဆို၊တီး အမှုဆောင် ငါးဦးစီနှင့် ခေတ်သစ်အလွှာမှ ရေး၊ဆို၊တီး အမှု ဆောင် ၃ ဦးစီကို ဂီတလောကသား များက မဲစနစ်ဖြင့် ရွေးချယ်ရခြင်းဖြစ် ပြီး ပြန်လည်ဖွဲ့စည်းမည့် ဂီတ အစည်းအရုံးသစ်တွင် အမှုဆောင် အဖွဲ့ဝင် ၅၉ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၀ရက်နေ့မှ ၂၄ရက်နေ့ အထိ ပြုလုပ်လျက်ရှိပြီး သြဂုတ်လ ၂၀ရက်နေ့တွင် မဟာဂီတအလွှာ၊ ၂၁ရက်နေ့တွင် ကာလပေါ်အလွှာ၊ ၂၂ ရက်
နေ့တွင်စတီရီယိုအလွှာ၊ ၂၃ ရက်နေ့တွင် ခေတ်သစ်ဂီတအလွှာ အထိ ပြုလုပ်ပြီးစီးခဲ့ပြီး သက်ဆိုင်ရာ အလွှာ အသီးသီးရှိ ဂီတလောကမှ အနုပညာရှင်များမှ လာရောက်မဲပေးခဲ့ကြသည်။ ယနေ့၂၄ရက်နေ့တွင် နောက် ဆုံး အလွှာဖြစ်သည့် စက်မှု၊ ထုတ်လုပ်နှင့် ဖြန့်ချိအလွှာများမှ ရွေးကောက်ခံလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် ၂၀၁၂ ရွေးချယ်တင်မြှောက်ပွဲ ရွေးချယ်တင်မြှောက်ခြင်း ခံရသော အမှုဆောင်များ
မဟာဂီတအလွှာ (တေးဆို)
(၁) တင့်တင့်ဝင်း
(၂) ကိုသက်ဆွေ
(၃) ဒေါ်ခင်ကြွေ(လှိုင်း)
(၄) သူဇာအောင်
(၅) မိုးမြင့်ဗိုလ်
မဟာဂီတအလွှာ (အတီး)
(၁) လုလင်ငယ်သွေး မောင်သန်းအေး
(၂) စောင်းသိန်းဟန်ကြီး
(၃) ကျော်ကျော်ဟန်
(၄) စောင်းဦးဝင်းမောင်
(၅) စောင်းမောင်မောင်ကြည်
ကာလပေါ် (တေးဆို)
(၁) ဦးတင်ဦးလေး
(၂) ဦးမျိုးမြင့်လေး
(၃) လက်ပံတန်းဦးဝင်းမြင့်
(၄) ဦးမောင်မောင်ထိပ်
(၅) ဦးခင်မောင်ကြီး
ကာလပေါ် (တေးရေး)
(၁) ဦးမျိုးနွယ်ဆွေ
(၂) ဂီတစာဆို ဦးလွင်မြင့်
(၃) ဂီတစာဆို ဦးသောင်းတင်ဌေး
(၄) ဦးစိုးထွဋ်ခိုင်
(၅) ပျဉ်းမနားဦးမြင့်လှိုင်
ကာလပေါ် (အတီး)
(၁) တက္ကသိုလ် ဦးတင်မောင်ဝင်း
(၂) ဂီတာ ဦးအောင်တင့်
(၃) စာဆိုတေးရှင် ဂီတာ ဦးဖေ၀င်း
(၄) စန္ဒရားမောင်လှလေး
(၅) စန္ဒရား ဦးတင်မောင်ကြည်
စတီရီယို (အဆို)
(၁) နွဲ့ယဉ်ဝင်း
(၂) ဖြူဖြူကျော်သိန်း
(၃) ဟေမာနေ၀င်း
(၄) စည်သူလွင်
(၅) ဇော်ပိုင်
စတီရီယို (တေးရေး)
(၁) မြင့်မိုးအောင်
(၂) ရွှေဂျော်ဂျော်
(၃) နောင်နောင်(SF)
(၄) အောင်နိုင်စန်း
(၅) မေသော်
စတီရီယို (အတီး)
(၁) ဦးတင်ဦးသောင်
(၂) ကိုပက်ထရစ်
(၃) မိုးနိုင်(ဂီတမိတ်)
(၄) ဥက္ကာဦးသာ
(၅) ဇော်လတ်
ခေတ်သစ်အလွှာ (တေးဆို)
(၁) တွတ်ပီ( The Idiots)
(၂) ရဲလေး
(၃) သားစိုး
ခေတ်သစ်အလွှာ (တေးရေး)
(၁) ကျားပေါက်
(၂)ဖြိုးလေး (Snare)
(၃) ရဲလင်းအောင်(Bigg-Y)
ခေတ်သစ်အလွှာ ( အတီး)
(၁) KGK
(၂) ဦးရှည်ကြီး(Wanted )
(၃) ၀ီလီ (Reason)
သတင်း
Eleven Media Group