Friday, August 24, 2012

Y-Pay စနစ်နှင့် ချိတ်ဆက်၍ လုပ်ငန်း လုပ်ဆောင်လိုသူများအား ဖိတ်ခေါ်

0 comments

အွန်လိုင်းပေါ်တွင် ဈေးရောင်း ဈေးဝယ်နှင့် ဝန်ဆောင်မှု ပြုလုပ်နိုင်မည့် Y-Pay (Online Payment Gateway) ဝန်ဆောင်မှုကို မကြာမီတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
YPay စနစ်သည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားနိုင်စေရန် ဘဏ်များနှင့်ချိတ်ဆက်၍ ငွေပေးချေမှု ငွေလက်ခံမှုများ လုံခြုံစွာဖြင့် ပြုလုပ်နိုင်သည့် Online Payment စနစ်ဖြစ်သည်။
“ဒီY-Pay စနစ်ကို လက်ရှိအချိန်မှာ စသုံးလို့ရတဲ့ အနေအထားရှိ နေပါပြီ။ လိုအပ်ချက်တွေအတွက်လည်း အခုဖိတ်ခေါ်နေပါတယ်။ ဒီ စနစ်ကို လက်ရှိအင်တာနက်နဲ့ အဆင်ပြေအောင်လည်း လုပ်ပေးထားပါတယ်”ဟု Easy Pay Co.,Ltd မှ ဦးအောင်ဖြိုးကပြောသည်။ E-commerce စနစ်အောင်မြင်ရန်မှာ ရောင်းချသူ (Seller)၊ ဝန်ဆောင်မှု ရောင်းချသူ (Service Provider)၊ နှင့် ဝယ်ယူသူ (Buyer) တို့အပြင် Delivery ပြုလုပ်သူ Online Payment Gateway, Bank တို့အားလုံးဟန်ချက် ညီညီပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။
Y-Pay စနစ်ကို အသုံးပြုခြင်းအားဖြင့် ဝယ်ယူသူများအနေဖြင့် Y-Pay နှင့်ချိတ်ဆက်ထားသော ဆိုင်များမှ မိမိတို့ ကြိုက်နှစ်သက်ရာ စိတ်ကြိုက် ဝယ်ယူရွေးချယ်နိုင်ခြင်း၊ Online မှ ဝယ်ယူသူအနေဖြင့် အချိန်ကုန်၊ သက် သာစွာနှင့် သက်သောင့်သက် သာဝယ်ယူရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရရှိစေနိုင်သည်။ ထို့ပြင်online ပေါ်တွင်ပိတ်ရက်မရှိ ဖွင့်လှစ် ထားရှိသော စတိုးဆိုင်များ၊ဝန်ဆောင်မှုများရှိသဖြင့် ဝယ်ယူသူအနေဖြင့် မိမိကြိုက်နှစ်သက် သော အချိန်တွင် ရွေးချယ်ဝယ်ယူနိုင်သဖြင့် အသုံးပြုသူများအတွက်များစွာ အဆင်ပြေနိုင်သည်။
ယင်း ငွေပေးချေမှုစနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန် စိတ်ဝင်စား ကြသည့် ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ Shopping Mallများ၊လုပ်ငန်းရှင်များ၊Delivery ကုမ္ပဏီများအနေဖြင့်Easy PayCo.,Ltd. (ဖုန်း - ၅၀၇၀၅၁,၅၀၇၀၄၉) သို့ ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ref: IT time

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here