ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် အမိန့်စာရရှိပြီး ချီးမြှင့်ခြင်း ခံကြရကြောင်းသတင်းရရှိပါသည်။
အထူးသဖြင့် ဘီအီးဒီဘွဲ့ရရှိသော မူလတန်းလွန်နှင့် အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး(၃)ဦးမှာလည်း အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃၀/၂၀၁၂)ဆုံးဖြတ်ချက်ဖြင့် ပညာရေးဝန်ကြီးကိုယ်တိုင် ပညာရေးဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် ၊ ၁ ပညာ၂(ဃ)၂၀၁၂(၅၃၁၅)ဖြင့် ပညာရှင်အဆင့်(၃) များအဖြစ် (၁၇.၈.၁၂)တွင် တိုးမြှင့်ခံစားခွင့်ရရှိခဲ့ပါသည်။
တာချီလိတ်မြို့နယ်မှ ဘီအီးဒီဘွဲ့ရ ပညာရှင်အဆင့်(၃)ရာထူးတိုးမြှင့်ခံစားခွင့်ရရှိသော
မူလတန်းလွန်နှင့်အလယ်တန်းကျောင်းခွဲကျောင်းအုပ်ကြီးများစာရင်း
စဉ် အမည် ရာထူး ပညာအရည်အချင်း ကျောင်း
၁ ဦးမြင့်ဝင်းလှ -- ကျောင်းအုပ် -- သိပ္ပံဘွဲ့(ဓာတု)၊ပညာရေးဘွဲ့ -- ဝှေလေလန်(မူလွန်)
၂ ဒေါ်တင်တင်နွယ် -- ကျောင်းအုပ် -- ၀ိဇ္ဇာဘွဲ့၊ပညာရေးဘွဲ့ -- ပုန်းထွန်(လခွဲ)
၃ ဒေါ်ဝင်းဝင်းအေး -- ကျောင်းအုပ် -- ၀ိဇ္ဇာဘွဲ့၊ပညာရေးဘွဲ့ -- ၀မ်ပုံ(မူလွန်)
တာချီလိတ်မြို့နယ်မှ ပညာရှင်အဆင့်(၃)ရာထူးတိုးမြှင့်ခံစားခွင့်ရရှိသော လုပ်သက်ရမှတ်(၇၉.၇၄)အထက်ရှိသည့် လုပ်သက်ရင့်မူလွန်/မူလတန်းကျောင်းအုပ်ကြီးများစာရင်း
စဉ် အမည် ရာထူး ကျောင်း
၁ ဒေါ်မြင့်ရွှေ -- ကျောင်းအုပ် -- ပါခုတ်(မူလွန်)
၂ ဦးစိုင်းတင်ထွန်း -- ကျောင်းအုပ် -- ရန်အောင်မြေ(မူလွန်)
၃ ဒေါ်နန်းကောင်ခမ်း -- ကျောင်းအုပ် -- အမက-တာလော့
၎ ဦးဝင်းမြင့် -- ကျောင်းအုပ် -- အမက-တာကြန့်
၅ ဦးချီးလယ် -- ကျောင်းအုပ် -- အမက-ဟွေတာ
၆ ဦးလုကာ -- ကျောင်းအုပ် -- ပန်ပဲ(မူလွန်)
၇ ဒေါ်စန်းလှ -- ကျောင်းအုပ် -- အမက-ရန်နိုင်
၈ ဒေါ်နော်ညွန့်ညွန့်သန်း -- ကျောင်းအုပ် -- အမက-နမ့်တာကျို
၉ ဒေါ်နန်းမြဌေး -- ကျောင်းအုပ် -- အမက-၀မ်ကောင်း(ကချင်)
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့နယ်အားလုံးတွင် ပညာရေးဘီအီးဒီဘွဲ့ရရှိပြီး မူလတန်းလွန်နှင့်
အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးမှာ ၎င်းတို့(၃)ဦးသာရှိသဖြင့် တာချီလိတ်မြို့နယ်အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။
သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်
