Friday, September 28, 2012

မူဆယ်မှ ရေကြည်ရာ မြက်နုရှာ ဆိုင်ကယ်ကယ်ရီသမားများ

0 comments

ပြည်သူလူထုသည် နေ့စဉ် နှင့်အမျှ “တစ်ရွာမပြောင်းသူ   ကောင်းမဖြစ်” “သေချင်တဲ့ကျား တောပြောင်း” ဆိုသည့် စကားပုံ နှစ်ခုကို မစဉ်းစားတော့ဘဲ “ရေ ကြည်ရာမြက်နုရာ” ဖြင့် စားဝတ် နေရေးအတွက် ရုန်းကန်လှုပ်ရှား  နေသူများဖြစ်သည်။ တစ်ပိုင်တစ် နိုင်မှသည် ကြီးပွားချမ်းသာမှုအတွက်  ကြိုးစားနေကြသည်။

မြင်ကွင်းပုံမှာ ရွှေမြန်မာအရှေ့ မြောက်တံခါးတရုတ်မြန်မာနယ်စပ် မြို့ကလေးဖြစ်သည့် မူဆယ်မှ ဆက်စပ်မြို့များဆီသို့ လူသုံးကုန် စားသောက်ကုန်၊ ခရီးသွားလာမှု အတွက် မော်တော်ဆိုင်ကယ်များ  ကို တစ်စီဖြုတ်ပြီး ပါကင်ထုတ်  ကြီးများဖြင့် ကယ်ရီသမားဘ၀ဖြင့်  သယ်ပို့နေကြသည့် မြင်ကွင်းဖြစ် သည်။
“ကျွန်တော်တို့ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်းကို အဆင်းသယ်    ယူပို့ပေးနေရတာ၊ ဆိုင်ကယ်ကယ် ရီသမားဘ၀နဲ့ လုပ်တာကတော့  လေးငါးနှစ်ရှိပါပြီ၊ အခုတလော  ပြင်ဦးလွင်၊ မန္တလေး၊ မိတ်္ထီလာ၊ စစ်ကိုင်းကို လိုင်စင်မဲ့ဆိုင်ကယ်တွေ   အ၀င်များပါတယ်၊ သယ်ယူပို့ဆောင်  ခအနေနဲ့ ဆိုင်ကယ်တစ်စီးလျှင်  ၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ  ရရှိပြီး လူသုံးကုန်၊ စားသောက်  ကုန်များမှာ ပစ္စည်းအနည်းအများ   ကိုလိုက် ၁၅၀၀၀ ကျပ်လောက်သာ  ၀င်ငွေရပါတယ်ဗျာ”ဟု ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ပြောကြား  သည်။
အဆိုပါ “ရေကြည်ရာမြက်နု ရှာ ဆိုင်ကယ်ကယ်ရီသမားများ သည် တစ်ဝမ်းတစ်ခါးလှဖို့၊ မိသား စုဘ၀ကလေးစိုပြည်ဖို့အတွက် မဖြစ်မနေအလုပ်လုပ်နေရကြောင်း နှင့် မူဆယ်-မန္တလေးအစုန်အဆန် သွားလာလှုပ်ရှားနေကြောင်း သတင်းရရှိသည်။

မော(၀်)နေခြည် (မူဆယ်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here