သျှမ်းပြည်နယ်အစိုးရ၏ လစ်လပ်နေသော
စီးပွါးရေးနှင့်စီမံကိန်းဝန်ကြီးဌာန ဝန်ကြီးရာထူးအား ယခုတပတ်အတွင်း စတင်သော
ပြည်နယ်လွှတ်တော်အစည်းအဝေး၌ပြန်လည်ရွေးချယ်နိုင်ခဲ့ပြီဖြစ်ကြောင်း
လွှတ်တော်အမတ်များ သတင်းရပ်ကွက်ကပြောသည်။
စီးပွါးရေးနှင့်စီမံကိန်းဝန်ကြီးဌာန
ဝန်ကြီးအဖြစ်ရွေးချယ်ခံရသော ဦးအောင်ကျော်ညွန့်
“ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁
လွှတ်တော်အမတ် ဦးအောင်ကျော်ညွန့်ကို ခန့်လိုက်တာ။ သူကလဲ ပြည်ခိုင်ဖြိုး ပါတီထဲကဘဲ။
သျှမ်းပြည်ဖွား ဗမာအမျိုးသားပေါ့၊ အသက် ၄၆ နှစ်။ လုပ်ငန်းတာဝန်တွေကို
လပိုင်းဘဲထမ်းဆောင်နိုင်ပြီး နှုတ်ထွက် သွားတဲ့ ဦးသောင်းရွှေနေရာမှာ အစားထိုးတာလေ”
ဟု
ကျားဖြူပါတီမှ ပြည်နယ်လွှတ်တော်အမတ် တဦးက သျှမ်းသံ တော်ဆင့်အားပြောပြသည်။ယမန်နှစ် ဩဂတ်စ်လက အိမ်ထောင်ရေးအရှုပ်အထွေးကြောင့် စီးပွါး၊စီမံဌာန ဝန်ကြီး ရာထူးမှနှုတ်ထွက်သွားသော ၊ ကလောမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ နေရာအားအစားထိုးရန် ဧပြီလ အစည်းအဝေး ကတည်းက စီစဉ်ခဲ့ကြသော်လည်း သျှမ်းပြည်ဝန်ကြီးချုပ်မှ အဆိုတင်သွင်းသော အမည်မှာ လွှတ်တော်အမတ်များ သဘောမကျသဖြင့် ကန့်ကွက်ကြရာမှ ယခု ဦးအောင်ကျော်ညွန့်အား ဝန်ကြီးခန့် နိုင်ခဲ့ခြင်းဖြစ်သည်။
“ အခု ရာထူးခန့်ခဲ့တဲ့ ဦးအောင်ကျော်ညွန့်က တောင်ြကီးတက္ကသိုလ်မှာ မြန်မာစာနဲ့ကျောင်းပြီးတယ်။ ပညာရေး၊ ကုန်သည်၊ ပွဲစား လုပ်ကိုင်ခဲ့တဲ့ အရပ်သား စစ်စစ်လည်းဖြစ်တော့ ဦးအောင်မောင်းထက်ကို ပိုပြီးယုံကြည်မှု ရှိကြတာ ပေါ့နော်” ဟု အစည်းအဝေးတက်ရောက်သည့် ပြည်ခိုင်ဖြိုးပါတီမှ သျှမ်းအမျိုးသားတဦးကပြောပါသည်။
အစိုးရအဖွဲ့သစ် ဝန်ကြီးများအကြား ပထမဆုံး နှုတ်ထွက်မှု ဖြစ်သော ဦးသောင်းရွှေအား စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီးဌာန ၀န်ကြီးအဖြစ်မှ နှုတ်ထွက်ခွင့်ပြုကြောင်းကို ၂၀၁၁ သြဂုတ်လ ၂ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အိမ်တွင်းရေးပြဿနာနှင့် မူးယစ်ဆေးဝါးပြဿနာများကြောင့် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
နုတ်ထွက်သွားသော
ဝန်ကြီးဟောင်း ဦးသောင်းရွှေ
ဦးသောင်းရွှေနှုတ်ထွက်ပြီးနောက် ၇ လ
အကြာ ၂၀၁၂ မတ်လလယ်က ကျင်းပသော သျှမ်းပြည်နယ်၏ ပထမအကြိမ် တတိယ ပုံမှန်အစည်းအဝေး၌ အဆိုပါ
လစ်လပ်နေသည့်
၎င်းနေရာအား ယခင်လင်းခေးခရိုင် ခရက ဥက္ကဌ ဟောင်း ဦးအောင်မောင်းဖြင့်အစားထိုးရန်
သျှမ်းပြည်ဝန်ကြီးချုပ်က အဆိုတင်သွင်း ခဲ့ ရာ စစ်တပ်၊ ပြည်နယ်လွှတ်တော်အမတ်
အပါအ၀င် လွှတ်တော်အမတ်အများစုက ၃ ကြိမ်စလုံး ကန့်ကွက် ခဲ့ကြသဖြင့် မအောင်မြင်ခဲ့ပေ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ အမတ်များနှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် စည်းကမ်းများတွင် “ လွှတ်တော် ကိုယ်စား လှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆို ဆက်ဆံနေထိုင်ရန် လိုက်နာရမည်” ဟု ပါရှိသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ အမတ်များနှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် စည်းကမ်းများတွင် “ လွှတ်တော် ကိုယ်စား လှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆို ဆက်ဆံနေထိုင်ရန် လိုက်နာရမည်” ဟု ပါရှိသည်။
burmese.panglong.org