
ပဲခူးတိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှူးဗိုလ်မှူးစိန်အောင်၊ ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သန်းဝင်းနှင့် ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးအောင်သိန်း ထွဋ်တို့၏ ညွှန်ကြားမှုတို့ဖြင့် ပဲခူး မြို့ပေါ်ရှိလျှပ်စစ်ဓာတ်အားခွဲရုံ ပေါင်းအမှတ် (၁)၊ (၂)၊ (၃) ဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံ (၃) ရုံရှိရာ ၎င်းဓာတ်အားခွဲရုံများမှ တစ်ဆင့် ပဲခူးမြို့ပေါ်ရှိလျှပ်စစ်ဓာတ်အားသုံး စွဲသူမျာသို့ နေ့/ညမပြတ်လျှပ်စစ် ဓာတ်အားများ ပေးဝေနိုင်အောင် စီစဉ်ပေးနေခြင်းဖြစ်သည်။
ပဲခူးမြို့မှာ နိုင်ငံတော်၏မဟာ ဓာတ်အားလိုင်းပေါ်တွင်ရှိပြီးပဲခူး မြို့အရှေ့ဘက်အနီးရှိကမာနတ် ဓာတ်အားခွဲရုံကြီးမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန (LDC) သို့လည်းကောင်း၊ ပဲခူးမြို့ လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန သို့လည်းကောင်း၊ မဟာဓာတ်အား လိုင်းမှ လျှပ်စစ်ဓာတ်အားရရှိမှု မဂ်္ဂါဝပ်ပေါ်မူတည်ပြီးလျှပ်စစ်ဓာတ် အားဖြန့်ဝေပေးနေရလျက်ရှိသည်။
ယခုအခါမဟာဓာတ်အားလိုင်း အတွင်းသို့ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား များဝင်ရောက်လာပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားများလုံလောက် မှုရရှိမှုမဂ္ဂါဝပ်ပေါ်မူတည်ပြီးလျှပ်စစ် အားဖြန့်ဝေပေးနေလျက်ရှိသည်။
ယခုအခါမဟာဓာတ်အားလိုင်း အတွင်းသို့ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား များဝင်ရောက်လာပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက် မှုရရှိလာတော့မည်ဖြစ်သည်။
နီလာဝင်း (ရွှေသွေးကြီး)
ref: Hot News Journal