Thursday, December 12, 2013

လားရှိုးမြို့ လောင်းကစားရုံများ ပိတ်ပေးရန် မြို့ခံများ တောင်းဆို

0 comments
12.12.2013

လားရှိုးမြို့ရဲ့ ရပ်ကွက်တိုင်းလိုလိုမှာ ဖွင့်ထားတဲ့ အကြွေစေ့လောင်းကစား ရုံတွေကို ပိတ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးအရေး ယူပေးဖို့ မြို့ခံလူတွေက တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ကြပါတယ်။

လားရှိုးမြို့ လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ကားဂိတ်၊ ဘူတာတွေရဲ့အနီးမှာ ပိုက်ဆံနဲ့ လဲပြီး ကစားရတဲ့ အကြွေစေ့ လောင်းကစား ရုံတွေ ဖွင့်လှစ်ထားတာပါ။

Lashoအဲဒီလောင်းကစားရုံတွေကြောင့် လူကြီးတွေရော၊ ကလေးတွေပါ စာရိတ္တ ပျက်ပြားနေလို့ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားမိဘတွေ အပါအ၀င် မြို့ခံလူထုက လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ လိုလားနေကြ ပါတယ်။

လားရှိုးမြို့ခံ တဦးက “ရပ်ကွက် ၉ မှာဆိုရင် ငါးမန်းရုံတွေက အများကြီး ဖြစ်နေပါတယ်။ ကလေးတွေလည်း စာရိတ္တ အတော် ပျက်စီးနေပါတယ်။ ဒီငါးမန်းရုံနဲ့ ပတ်သက်ပြီး ခိုးမှုဆိုးမှုတွေ အတော်များများ ဖြစ်နေပါတယ်။ သုံးဘီးသမားတွေဆိုရင်လည်း လင်မယားချင်း ကွဲကြ၊ ပြဲကြ ဖြစ်နေတာ တော်တော်များနေပါပြီ။ အဲဒါကြောင့် ငါးမန်းရုံတွေ ပိတ်ပေးဖို့နဲ့ ဖမ်းဆီးပေးဖို့ တိုင်ကြားအပ်ပါတယ်” လို့ ပြောပါတယ်။

ကျောင်းသားမိဘတဦးကလည်း ဒီလောင်းကစားရုံတွေကြောင့် တချို့ကလေး တွေ ခိုးတတ်လာနေကြပြီလို့ ပြောပါတယ်။

“ဒီဟာတွေက မရှိသင့်ဘူးပေါ့နော်။ ကလေးတွေလည်း စာရိတ္တပျက်တယ်။ တချို့ကလေးတွေလည်း ခိုးတက်တဲ့ အကျင့်တွေ ဖြစ်နေပါပြီ။ ကျောင်းတွေလည်း လုံးဝမသွားပဲ ကလေးတွေ အားလုံးက ဂိမ်းဆိုင်ကို ရောက်နေပါတယ်။ သူများတွေ လည်း စီးပွားရေးတွေ ပျက်ပြားနေပါပြီ။ အဲဒါတွေ ပပျောက်အောင် လုပ်ပေးကြပါ။ ”

လားရှိုးမြို့ကို နေပြည်တော်က အထူးအဖွဲ့တွေ၊ ၀န်ကြီးအဆင့် ရှိသူတွေ၊ ဌာနဆိုင်အရာအကြီးအကဲတွေ လာရောက်တဲ့ အချိန်တွေမှာတော့ လောင်းကစားရုံတွေကို ခေတ္တပိတ်ထားကြပြီး အကြီးအကဲတွေ ပြန်သွားရင် အရင်တိုင်း ပြန်ဖွင့်ကြ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

By ခွန်ဇော်ဦး (ဒီဗွီဘီ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here