ရှမ်းပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘ၀ မြှင့်တင်ရေး တိုးမြင့်ဆောင်ရွက်နိုင်အောင် ရှမ်းသံဃာတော်တွေနဲ့ လူထုအခြေပြုအဖွဲ့တွေ ညိနှိုင်းပြီး ဖောင်ဒေးရှင်းတခုကို ပူးပေါင်းထူထောင်လိုက်ပါတယ်။
ဒီဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့ဟာ ရှမ်းပြည်နယ် လင်းခေး၊ မောက်မယ်၊ မိုင်းကိုင်၊ ဟိုပုန်း၊ ဆီဆိုင်၊ သီပေါ၊ နမ့်လန်၊ အင်းလေး အရှေ့ဘက်ခြမ်းဒေသက ကျေးရွာတွေမှာ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး ဆိုင်ရာ ရက်တိုသင်တန်းတွေ ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ပါတယ်။
ဖောင်ဒေးရှင်းအတွက် လိုအပ်တဲ့ရန်ပုံငွေကို စေတနာရှင် ပြည်သူလူထုနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ထည့်ဝင်လှူဒါန်းကြတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းတိုက်မှာ စက်တင်ဘာ ၂၂ ရက် ကနေ ၂၃ ရက်နေ့ထိ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဖောင်ဒေးရှင်နာယကအဖြစ် ရှမ်းသမိုင်းပညာရှင် ဒေါက်တာဦးစိုင်းအောင်ထွန်းကို တင်မြှောက်ခဲ့ကြပါတယ်။
ရှမ်းသံဃာတော်တွေ၊ ရှမ်းစာပေနဲ့ အသိပညာရှင်တွေ၊ ရှမ်းစာပေယဉ်ကျေးမှု အသင်းက ကိုယ်စားလှယ်နဲ့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေသူတွေ စုစုပေါင်း ၅၀ ကျော် အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
ref - DVB
(ဓာတ်ပုံ- ရှမ်းစာယဉ်ကျေးမှုအသင်း တောင်ကြီး)
‘ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း’ အဖွဲ့ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကို အလုပ်အမှုဆောင် ဦးစိုင်းအောင်သန်းက “ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း ဖွင့်ထားတဲ့ မိုင်းကိုင်၊ သီပေါ၊ အင်းလေးဒေသရယ်၊ ကျနော်တို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းနဲ့ရော စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေ ဒီထက်ကျယ်ပြန့်အောင် စုစည်းပြီး တဖွဲ့တည်းဖြစ်အောင် ဖွဲ့စည်းခဲ့တာပါ” လို့ ပြောပါတယ်။ဒီဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့ဟာ ရှမ်းပြည်နယ် လင်းခေး၊ မောက်မယ်၊ မိုင်းကိုင်၊ ဟိုပုန်း၊ ဆီဆိုင်၊ သီပေါ၊ နမ့်လန်၊ အင်းလေး အရှေ့ဘက်ခြမ်းဒေသက ကျေးရွာတွေမှာ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး ဆိုင်ရာ ရက်တိုသင်တန်းတွေ ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ပါတယ်။