Monday, September 24, 2012

လက်မလျှော့နဲ့လို့ အမည်ပေးထားတဲ့ အဆိုတော် ချမ်းချမ်းရဲ့ တတိယ တစ်ကိုယ်တော်အခွေ

0 comments
ပရိသတ်တွေကြားမှာ တစ်ကိုယ်တော် စီးရီးနှစ်ခွေနဲ့ အောင်မြင်မှု ရရှိနေတဲ့ ချမ်းချမ်းက သူ့ရဲ့ တတိယ တစ်ကိုယ်တော် စီးရီးလည်း ပြင်ဆင်နေကြောင်း သိရပါတယ်။ တတိယစီးရီးမှာ တေးရေးများအဖြစ် ရဲလေး၊ ဟဲလေး၊အောင်လ၊ မေသော်နဲ့ ကိုယ်တိုင် ရေးသီချင်းများလည်း ပါဝင်ထားကြောင်း ပြောပါတယ်။ ခရီးသွားရင်း တတိယ တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ ရေးဖြစ် နေတယ်ဆိုတဲ့ ချမ်းချမ်းက “ချမ်းချမ်းက သီချင်းတွေကို ရေးရေးပြီး သိမ်းထားတတ်တယ်။ သိမ်းထားတဲ့ သီချင်းကို အခု တတိယ စီးရီးမှာ ထည့်မယ်လို့ စဉ်းစားဖြစ်သွားတယ်။ စုစုပေါင်းနှစ်ပုဒ်ပေါ့။စ်ပုဒ်စလုံးက အင်္ဂလိပ် လိုပဲ။ ချမ်းချမ်းအားတဲ့ အချိန်မှာ သီချင်းရေး ဖြစ်တယ်။ ပြီးတော့ ခရီးသွားပြီး ရေးဖြစ်တာ ပိုများတယ်” လို့ ပြောပါတယ်။ တတိယစီးရီး ခေါင်းစဉ်ကိုတော့ လော လောဆယ်မှာ “လက်မလျှော့နဲ့” ဆိုပြီးပေးမယ်လို့ စိတ်ကူးထားကြောင်း၊ သီချင်းစုစုပေါင်း ၁ဝပုဒ်လောက်ပဲ ပါဝင်မှာဖြစ်ကြောင်း ပြောပါ တယ်။ “လက်မလျှော့နဲ့” ဆိုတဲ့ စီးရီးခေါင်းစဉ် လေးကို ဘယ်လို ပေးဖြစ်သွားလဲ ဆိုတာကို ချမ်းချမ်း က “ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာရင် လက်လျှော့ သွားတတ်တယ်။ အဲဒါကြောင့် လက်မလျှော့နဲ့လို့ ပြောချင်တယ်။ အခုဒီအခွေမှာ ချမ်းချမ်းရေးထားတဲ့သီချင်းက နည်းနည်းအားကစား စိတ်ဓာတ်ဆန်တယ်။ နိုင်တာ၊ ရှုံးတာထက် ကိုယ့်ဘဝမှာ လုပ်ချင်တာ လုပ်လို့ရတယ်လေ။ အိပ်မက်ဆိုတာ ကလည်း အခါခါမက်လို့ရတယ်။ ၂ဝ၁၃ ဆီးဂိမ်းအတွက်လည်း ရည်ညွှန်း တဲ့အတွက် ကြောင့်ပါ” လို့ ပြော ပါတယ်။ တတိယ စီးရီးကိုတော့ ၂ဝ၁၃ဆီးဂိမ်း မတိုင်ခင်မှာ ထွက်ရှိမှာ ဖြစ် ပြီး စီဒီရော၊ ဗီစီဒီရော အတူ တူ ထွက်ရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ
ref: Popular News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here