Monday, September 24, 2012

မြို့မဈေးသမ၀ါယမ အသင်းလီမီတက် အသေးစားချေးငွေလုပ်ငန်း အသင်းသားများ စုဆောင်းအမြတ်ငွေ ပေးအပ်ပွဲ နှင့် ဂုဏ်ပြုလက်ဆောင်ပေးပွဲအခမ်းအနားကျင်းပပြုလုပ်

0 comments

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ၊ မောင်းတိုင်(၁)ရပ်ကွက် ၊ မြို့နယ်သာသနာ့ဗိမ္မာန်တော် ကြီးတွင်(၂၃.၉.၂၀၁၂) ရက်နေ့ နေ့လည်(၁း၀၀)  နာရီအချိန်က တောင်တွင်းကြီးမြို့မဈေးသမ၉ါယမအသင်းလီမီတက်၏ အသေးစားချေးငွေလုပ်ငန်းအဖွဲ့မှ အသင်းသားများ စုဆောင်းငွေအပေါ်အမြတ်ဝေစု ခွဲဝေပေးအပ်ပွဲ နှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သမဦးစီးဌာန ဦးစီးအရာရှိမှ အမှာစကားပြောကြားခြင်း ၊ အသေးစားချေးငွေ လုပ်ငန်းအဖွဲ့ နယ်မြေတာဝန်ခံ မြို့မဈေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်မှ အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခြင်း ၊ အသေးစားချေးငွေလုပ်ငန်း၏ စာရင်းကိုင် ဦးတင်လှမှ အသင်း၏ စာရင်းဇယားများ နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် အသေးစားချေးငွေလုပ်ငန်းအဖွဲ့၏ အသင်းသားများအနက် အဖွဲ့အလိုက်နေ့စဉ် ပျက်ကွက်ရက်မရှိအတိုးအရင်း လာရောက်ပေး သွင်းခဲ့သော အဖွဲ့ငယ်လေးဖွဲ့ မှ အသင်းသား(၂၀) ကျော်အား စုဆောင်းငွေအပေါ် အမြတ်ဝေစု နှင့် ဂုဏ်ပြုလက်ဆောင် များကို မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိမှ ၎င်း ၊ မြို့နယ်သမ၀ါယမ ဦးစီးဌာန ဦးစီးအရာရှိမှ၎င်း ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဒု-ဦးစီးမှူး(ဈေး)မှ၎င်း ၊ မြို့မဈေးကော်မတီ ဥက္ကဌမှ ၎င်း ၊ ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် မြို့မဈေးအသေးစားချေးငွေလုပ်ငန်းအဖွဲ့ အသင်းသားများကိုယ်စား အသင်းသားတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ၎င်းမြို့မဈေးသမ၀ါယမအသင်းလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းကို (၁.၆.၂၀၁၁) မှ စတင်ကြောင်း သိရပြီး (၃၁.၈.၂၀၁၂) အထိ ချေးငွေမှာ စုစုပေါင်းမှာ သိန်း(၁၀၀၃၀၅၀၀၀) သိန်း တစ်ထောင့်သုံးသောင်းငါးထောင် ချေးပေးပြီး ပြန်ရငွေမှာ သိန်း(၈၈၁၄၁၅၁၀) သိန်းရှစ်ရာရှစ်ဆယ့်တစ်သိန်းလေးသောင်းတစ်ထောင့်ငါး ရာ့တစ်ဆယ် ကျန်ငွေမှာ သိန်း(၁၂၁၆၃၄၉၀)သိန်း တစ်ရာနှစ်ဆယ့်တစ်သိန်းခြောက်သောင်းသုံးထောင်လေးရာ့ကိုးဆယ် ဖြစ်ကြောင်းသိရပြီး အဖွဲ့ပေါင်း ၁၁၇ ဖွဲ့ ၅၈၅ ဦးရှိပြီး လက်ရှိမှာ အသင်းဝင် ၃၇၅ ဦးရှိကြောင်း ကျန်သအင်းဝင် များမှာ ပျက်ကွက်များဖြစ်ကြောင်း ၊ လူတစ်ဦးလျှင် ပထမအရစ် သုံးသောင်း ၊ ချေးပြီးတစ်နေ့ လျှင် ခြောက်ရာကျပ် ရက်ခြောက်ဆယ် ပြန်လည်သွင်းပေးရကြောင်း တစ်ရက်သွင်းငွေ ခြောက်ရာ အနက်မှ အရင်း ၅၀၀ ကျပ် အတိုး ၂၅ကျပ် စုဆောင်းငွေ ၇၅ ကျပ်ဖြစ်ပြီး တတိယအကြိမ်အဖြစ် လူတစ်ဦးလျှင် ၄၅၀၀၀ ကျပ်ချေးပြီး တစ်နေ့လျှင် အရင်း ၇၅၀ အတိုး ၄၀ စုဆောင်းငွေ ၁၁၀ ကျပ် တစ်ရက်လျှင် ၉၀၀ ကျပ်သွင်းရကြောင်း ပဉ္စမ အရစ်အဖြစ် လူတစ်ဦးလျှင် ၆၀၀၀၀ ကျပ်ချေးပြီးတစ်ရက်လျှင် အရင်း ၁၀၀၀ ကျပ် အတိုး ၅၀ ကျပ် စုဆောင်းငွေ ၁၅၀ ကျပ် တစ်ရက်လျှင် ၁၂၀၀ ကျပ်နှုန်းပြန်လည်သွင်းရပြီး ဆဌမ အရစ်အဖြစ် လူတစ်ဦးလျှင် ၉၀၀၀၀ ကျပ် ချေးပြီး တစ်ရက်လျှင် အရင်း ၁၅၀၀ ကျပ် အတိုး ၇၅ ကျပ်  စုဆောင်းငွေ ၂၂၅ ကျပ် တစ်ရက်လျှင် ၁၈၀၀ ကျပ်နှုန်း ပြန်လည်ပေးသွင်းရကြောင်း လူတစ်ဦးလျှင် ငွေ ၃၀၀၀၀/၄၅၀၀၀/၆၀၀၀၀/၉၀၀၀၀ ချေးငွေယူသူများ အသီးသီးသည် မိမိချေးငွေများအား ရက်ပေါင်း ၆၀ အတွင်း အရင်း/အတိုး/စုဆောင်းငွေများကို ပြန်လည်ပေးသွင်းရကြောင်း သိရပြီး အသင်းသားများ နာရေးဖြစ်ပေါ်လာပါက တစ်ဦးလျှင် ၂ သောင်းကျပ်နှုန်း အသင်းမှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ၊ သိရပြီး လာမည့်နှစ်များတွင် လည်း အသင်းဝင်များ၏  သားသမီးများအား ပညာရေးစရိတ် ထောက်ပံ့နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့မဈေးသမ၀ါယမ အသင်းလီမီတက် အသေးစားချေးငွေလုပ်ငန်း ကော်မတီ မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
ref: Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here