Wednesday, September 12, 2012

ဌာနလက်အောက်ခံ အငှားယာဉ်များ အရစ်ကျ စနစ်ဖြင့် ပြန်ဝယ်ယူခွင့် ယာဉ်မောင်းတို့ မျှော်လင့်နေ

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁ဝ
စီးပွား/ကူးသန်းဝန်ကြီးဌာန အောက်ရှိ အငှားယာဉ်များအား အရစ်ကျ စနစ်ဖြင့် ပြန်လည်ရောင်း ချပေးစေလိုကြောင်း ယင်းဌာနမှ အငှားယာဉ် မောင်းများ က   ပြောသည်။
 ”ဒီကားတွေမောင်းလာတာ ကြာပြီလေ။ အရစ်ကျစနစ်လေးနဲ့ တော့ ကားကို ပြန်ရောင်းစေချင် တယ်။ ပါရမီကားတွေ ဆိုရင်လည်း ယာဉ်မောင်းတွေကို အရစ်ကျ စနစ်နဲ့ ပြန်ရောင်းပေးတာပဲလေ” ဟု ယာဉ်မောင်းတစ်ဦးက ပြော သည်။ ယာဉ်များကို အရစ်ကျစနစ် ဖြင့် ပြန်လည်ရောင်းချပေးရန်အ တွက်လည်း အကြံပြုစာများ တင် ထားကြောင်း၊ မော်တော်ယာဉ်များ ကိုလည်း ခေတ်နှင့်အညီ အစား ထိုးလဲလှယ်မှုများ ပြုလုပ်ပေးစေလို ကြောင်းနှင့် ယာဉ်ပြင်ဆင်စရိတ် ပေးရာတွင်လည်း ကာလေ ပါက် ဈေးအတိုင်း ပေးစေလိုကြောင်း ၄င်းက ဆက်ပြောသည်။ယခင်က ကားတန်ဖိုး အရင်း ကျေလျှင် ယာဉ်မောင်းတို့ကို ပြန် လည်ရောင်းပေးမည်ဟု ပြောဖူးပြီး ပြော ကြားသူ ဝန်ကြီး  ဦးထွန်းကြည် မှာတာဝန်မှအနားယူသွား၍ နောက် ပိုင်းရောင်းချဖို့ အတွက်ဘာမှ မပြော တော့ကြောင်း ယာဉ်မောင်းခေါင်း ဆောင်ဦးအောင်ခိုင် မင်းက   ပြော သည်။ပါရမီ အငှားယာဉ်လုပ်ငန်းကို ၇ နှစ်အတွင်းမှာပင် ယာဉ်မောင်းများ ကိုသုံးကြိမ် ကားရောင်းချခဲ့ပြီး  နောက်ပိုင်း ၁၇ နှစ်တိုင်ခဲ့သော် လည်း တစ်ကြိမ်တစ်ခါ မျှ ရောင်းချ ပေးခြင်းမရှိခဲ့ကြောင်း ¤င်းက ဆက် လက်ပြောသည်။ပါရမီ အငှားယာဉ် လုပ်ငန်းမှ ကားများကဲ့သို့ ယာဉ်မောင်းများ ဝယ်ယူနိုင်မည့် ဈေးနှုန်း သတ်မှတ် ၍ ရောင်းချပေးစေလိုကြောင်း သမ္မတထံသို့ အသနားခံစာ တင်ပြ  ထားကြောင်းလည်း သိရသည်။
ရန်နိုင်
ref: Popular new

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here