Monday, November 11, 2013

မြန်မာတွင် အမျိုးသမီး အင်အားစု တစ်ရပ်ဖြစ်လာရေး ကြိုးပမ်းမှုအား လေးစား ဂုဏ်ယူဟု အင်ဂျလီနာဂျိုလီ သတင်းစကားပေးပို့

0 comments


မြန်မာ နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့ နေရသော အခက်အခဲများမှ အ ခွင့်အလမ်းများကို အမိအရဆုပ် ကိုင်ရယူရန်နှင့် အမျိုးသမီးများ ကို အင်အားစုကြီးတစ်ရပ်ဖြစ် လာစေရန် တည်ဆောက်ကြိုးပမ်း ချက်များ ကို အလွန်လေးစားဂုဏ် ယူမိသည်ဟု ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်အင်ဂျလီ နာဂျိုလီက သတင်းစကားပေးပို့ ခဲ့သည်။ နိုဝင်ဘာ ၁ဝရက်က Sky Star ဟိုတယ်၌ ပြုလုပ်သော မြန်မာ နိုင်ငံ ၏ငြိမ်းချမ်းရေး၊ လုံ ခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အမျိုး သမီးများ စကားဝိုင်းသို့ အင်ဂျလီ နာဂျိုလီက သတင်းစကားပေးပို့ ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အ ထူးကိုယ်စားလှယ် အင်ဂျလီနာ ဂျိုလီက ''အမျိုးသမီးတွေရဲ့ လုပ် နိုင်စွမ်းတွေကို မြှင့်တင်ဆောင် ရွက်ပေးခြင်းမရှိဘဲ မည်သည့်လူ့ အဖွဲ့အစည်းမှ တိုးတက်နိုင်စွမ်းရှိ သလောက် အပြည့်အဝ တိုးတက် မှာမဟုတ်ပါဘူး''ဟု ပြောသည်။ အင်ဂျလီ နာပေးပို့သော သတင်းစကားကို အထက်မြန်မာ ပြည်အမျိုးသမီးသံတမန်ချစ်သု ဝေက ဖတ်ကြား ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးများ စကားဝိုင်း သို့ဖိတ်ကြားခြင်းအတွက် အထူး ကျေးဇူးတင်ကြောင်း၊ ယခုပွဲသို့ တက်ရောက် လာသူအားလုံးကဲ့ သို့ပင် မြန်မာနိုင်ငံတွင် အမျိုး သမီးများ ငြိမ်းချမ်းရေးဆွေးနွေး ခြင်း၊ တည်ဆောက်ခြင်း၊ အုပ်ချုပ် ရေးကဏ္ဍနှင့် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများတွင် အ ပြည့်အဝလှုပ်ရှား ပါဝင်နေသည်ကို မြင်တွေ့လိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး၏ အထူး ကိုယ်စားလှယ် လည်းဖြစ် လိင်မှုဆိုင်ရာအကြမ်း ဖက်မှု ကာကွယ်တား ဆီးရေး ရှေ့ ဆောင်အဖွဲ့ကို ပူးတွဲ တည်ထောင် သူ အင်ဂျလီနာဂျိုလီက ပြော ကြားထားသည်။

ယခုကဲ့သို့ အပြုသဘော ဆောင်သည့် ပြုပြင်ပြောင်းလဲမှု များ လက်တွေ့တွင် အမှန်တကယ် ဖြစ်လာရန် အတွက် အားလုံး၏ကြိုးစားမှုကို အထူးကျေနပ်အားရ ကြောင်း၊ ကြိုးပမ်းမှုများအတွက် အခက်အခဲများ ရင်ဆိုင်ရမည်ဖြစ် ကြောင်း၊ သို့သော် ထိုကြိုးပမ်း ချက်များသည် မြန်မာနိုင်ငံကို ကြီး မားသော ပြုပြင်ပြောင်းလဲတိုးတက် မှုများ ဖြစ်လာစေရန် တံခါးချပ် များကို ဖွင့်ပေးနိုင်သည့် သော့ ချက်များဖြစ်ကြောင်း၊ တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေ ရန် ဆောင်ရွက် ရာတွင် အရပ် ဘက် လူမှုအဖွဲ့အစည်းများ၏အ ခန်းကဏ္ဍသည် အရေးပါကြောင်း ကိုလည်း ပြောကြားထားသည်။

မဟာမင်းကြီး၏အထူးကိုယ်စားလှယ် အင်ဂျလီနာဂျိုလီ။
နန်းသီတာဝင်း
The Yangon Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here